ep.5

3.8K 328 11
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၅)

ဒီနေ့ကရိပေါ်ကျောင်းပိတ်ရက် ရှောင်ကျန့်အလုပ်ပိတ်တာနဲ့ပါ တိုက်ဆိုင်နေတော့ ရိပေါ်အိမ်မှာ နားခွင့်ရပြီလေ။အပြင်မထွက်ချင်တာနဲ့ ဟိုနှစ်ကောင်ကိုလှမ်းခေါ်ထားတာ မကြာခင် စစ်ကျွေးနဲ့ ဝမ်နင်ရောက်လာမယ်။

"သဲလေးမောင့်ကိုစောင့်နေတာ ကြာပြီလား မောင်နည်းနည်းနောက်ကျသွားတယ်''

ရိပေါ်ဘေးဝင်ထိုင်လိုက်ပြီး ဆိုဖာနောက်မှီပေါ်လက်ကလေးတင်လို့ ရိပေါ်ရဲ့ ရွှေရောင်ဆံပင်လေးတွေကိုလာဖွရင်း စစ်ကျွေးကစနေတာပါ။

"​ ဟျောင့် အသဲယားအောင်မခေါ်စမ်းနဲ့''

ရိပေါ်က စစ်ကျွေးလက်ကိုပုတ်ထုတ်လို့ အသဲယားစွာပခုံးတွန့်လိုက်တယ်။

"ဟ အရင်ကလည်းခေါ်နေကြကို စတာမှန်းသိရဲ့ ဘာဖြစ်နေတာလဲ''

ဝမ်နင်ကပညာရှိ စတိုင်လ်နဲ့ ဝင်ဆရာလုပ်တယ်။

"စစ်ကျွေး...စစ်ကျွေး...မင်းကမသိတာလား...အရင်ကခေါ်တာဘာမှမဖြစ်ဘူးကွ ခုကသူ့လူကြီးက clubမှာ အာဘွားအကြီးကြီးပေးလိုက်တည်းက သူက...

"တော်စမ်း''

ရိပေါ်ဆီက ဟိန်းဟောက်သံကြီးထွက်လာပြီး ဝမ်နင်ကိုခုန်အုပ်လို့ ပါးစပ်ပိတ်လိုက်တယ်။ဝမ်နင်က ဝူးဝူးဝါးဝါးနဲ့ ပါးစပ်ကပြောမရတာတောင် မျက်လုံးနဲ့လှောင်ပြုံးပြနေသေးတယ်။
နပန်းလုံးရတာမောသွားမှ ရိပေါ်ကဝမ်နင်ကို လွှတ်ပေးလိုက်တယ်။

"တော်စမ်း အဲဒီလူကြီးအကြောင်း ထပ်မပြောစမ်းနဲ့''

"ပြောချင်သေးတာငါကတော့ သူ့အကြောင်းတွေပဲ ပြောနေချင်တာ ဒါနဲ့ ဦးရော ဦးဘယ်သွားလဲ''

ရိပေါ်က ဝမ်နင်ကို ဆတ်ကနဲလှည့်ကြညိ့လာပြီး မျက်လုံးထဲမှာလည်း တရိပ်တချို့ဖြတ်ပြေးလို့။

"ဘာဦးလဲ သူ့အသက်အဲလောက်မကြီးသေးဘူး ငါနိပ်ကွတ်ချင်လို့တမင်ခေါ်တာ ငါခေါ်တိုင်းလိုက်မခေါ်စမ်းနဲ့ ပြန်တော့ သူမကြာခင်ပြန်လာတော့မှာ''.

"မပြန်သေးဘူး ဦးပြန်လာထိစောင့်အုံးမှာ မင်းကဦးခေါ်တာမကြိုက်ဘူးဆိုတော့ ကိုကိုလို့ခေါ်ရမလား''

ဝမ်ချိုချိုလေးWhere stories live. Discover now