ep.25

2.4K 241 15
                                    

Unicode

ဝမ်ချိုချိုလေး
အပိုင်း(၂၅)

အအေးခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ အအေးဓာတ်က သူမျက်နှာကိုလာရိုက်ခတ်တယ်။ခန္ဓာကိုယ်တစ်ချက်တုန် တုန်သွားမိတယ်။အေးလို့တော့မဟုတ် ညီငယ်အတွက် တွေးမိပြီး စိတ်ပူမိခြင်းကြောင့်သာ။
     
    " ညီ ..............ညီဘယ်မှာလဲ "
   " ညီ .....ရှိသေးလား.....ကိုကို့ကိုအသံပြန်ပေးဦး''

ဝမ်ချောင်ဘယ်လောက်အော်အော် ပြန်ထူးသံမဲ့လို့။သူတွေ့လိုက်ရတာက ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ ညီငယ်။အပြင်ဆွဲထုတ်လို့ ပါလာတဲ့ အနွေးထည်နဲ့ထွေးလိုက်ပြီ သတိရလာလေမလား အော်ခေါ်နေမိတယ်။
      
   "ညီသတိရပါတော့...ညီ...ညီ      မဟုတ်ဘူးနော် မဖြစ်ရဘူးနော် ...တစ်ခုခုမဖြစ်ရဘူး"

ထိန်းချူပ်ခန်းရဲ့ CCTVကနေ ရိပေါ်ကို လူတစ်ယောက် လာခေါ်သွားတာ... နောက်ဆုံးနေရာက အအေးခန်းဆိုတာ သိတော့ ရှောင်ကျန့်နဲ့ အားလုံးပဲ အအေးခန်းဆီပြေးလာကြတယ်။  အအေးခန်းရှေ့ရောက်တော့ ဝမ်ချောင်က ရိပေါ်ကိုပွေ့လို့ အော်ခေါ်နေတယ်။
        
  "  မြန်မြန်  မြန်မြန် ဆေးရုံကားခေါ်"

အားလုံးထိတ်ထိတ်ပြာပြာနဲ့ ဝုန်းဆန်ကုန်ကြတယ်။
အေးစက်နေတဲ့ကောင်လေးကတော့ သူတို့ပူပန်မှုတွေကို အေးခဲထားရဲ့။

           ×    ×     ×    ×     ×     ×     ×

ကုတင်ပေါ်မှာ လဲလှောင်းနေတဲ့ ကောင်လေးကိုကြည့်ရင်း သူရင်နာရပါတယ်။  သူနဲ့အတူရှိတာတောင်  ကာကွယ်မပေးနိုင်ရကောင်းလားလို့  ကိုယ့်ကိုကိုယ်လဲ  အပစ်တင်လို့ မဆုံး။လက်ကလေးကို ဆုတ်ကိုင်ဖြစ်ညှစ်ထားရင်း အရူးလို စကားတွေပြောမိရတယ်။ဝမ်ဥက္ကဌကတော့  ရိပေါ် မစိုးရိမ်ရတော့ဘူး ဆိုတည်းက ဝမ်ဥဝမ်ချောင်တို့ သားအမိနဲ့ စားရင်းသွားရှင်းနေပြီ။
           မွေးရပ်မြေကပြန်လာတဲ့  စစ်ကျွေးကလည်း  ဝမ်လီအလုပ်ထုတ်လိုက်ပြီဖြစ်တဲ့ ကောင်လေးကို ဖမ်းခေါ်လာခဲ့တာမို့ စစ်ဆေးနေကြပြီ။
       
   " နင်အပစ်နဲ့နင်ပဲ ဝမ်လီ နင့်ကိုငါလုံးခွင့်မလွှတ်နိုင်ဘူး ထောင်ထဲသွားဖို့တာပြင်ထား ငါ့မြေးအနားဘယ်တော့မှပြန်မလာနဲ့''
        
  "ပါးမဟုတ်ပါဘူး အထင်လွဲတာပါ ခွင်လွှတ်ပေးပါ မလုပ်ပါဘူး ကျွန်မသားလေး စိတ်ဆင်းရဲအောင်လုပ်တော့မှာလား''
        
  "ငါ့မြေး ဝမ်ချောင်ကို ဂရုမစိုက်ပဲ လွှတ်ထားမိတာ ငါ့အမှားပဲ ငါ့မြေး မကောင်းတဲ့ နင့်အကျင့်တွေ ကူးစက်ကုန်ရတာ နင့်ကြောင့်....အပစ်အားလုံး နင်တစ်ယောက်တည်း ဝန်ခံ ငါ့မြေးမပါစေနဲ့"

ဝမ်ချိုချိုလေးDove le storie prendono vita. Scoprilo ora