ep.4

4K 366 14
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၄)

​ ရှောင်ကျန့် နိုးလာတဲ့အချိန် သူ့ရှေ့မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မျက်နှာနုနုလေးကို မြင်နေရမယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့။ သူ့ရှေ့ကမျက်နှာ​လေးကို ထိကြည့်ဖို့ လက်လှမ်းလိုက်ပြီးမှ ညကကန်ချမခံရဘူးဆိုတာ သတိရသွားပြီးပြုံးမိတယ်။ ဖက်အိပ်ခံရမှာကြောက်လို့ထင်တယ် ဝမ်ပေါက်စလေးတော့... သူကြောက်တာလည်းရှိသေးသားပဲ...ဟား...ဟား..။

မနိုးသေးတဲ့ ဝမ်ပေါက်စကို မနှိုးတော့ပဲ company သွားဖို့ပြင်ဆင်လိုက်တယ်။ရုတ်တရက် တံခါးခေါက်သံကြားလို့ ထူးဆန်းနေမိတယ်..သူ့အခန်းတံခါးလာခေါက်မယိ့သူမှ မရှိတာ။ သွားဖွငိ့ကြည့်လိုက်မိတော့...

"ယေး....''

ရှောင်ကျန့်တို့အခန်းထဲ ပြေးဝင်လာတဲ့ကောင်လေးနှစ်ယောက်။ဘာတေလား။အိပ်နေတဲ့ ဝမ်ပေါက်စလေးကို အတင်းလှုပ်နှိုးနေကြတယ်။

"မင်းတို့က ဘာတွေလဲ''

"ဦး...ရိပေါ်သူငယ်ချင်းတွေပါ ကျောင်းတက်ဖို့ လာနှိုးခိုင်းထားတာ''

ဝမ်ပေါက်စက မနည်းအားယူဖွငိ့ထားရတဲ့ မျက်လုံးလေးတွေပွတ်သပ်ပြီး ပြောလာတယ်။မဖြစ်ဘူး ဒီကောင်လေးနဲ့စကားပြောမှရတော့မယ် ရှောင်ကျန့်အခန်းထဲ ဒီလိုသူစိမ်းတွေ ဝရုန်းသုန်းကား ဝင်ထွက်နေတာမကြိုက်ဘူး။

"သူလည်းနိုးပြီမှတ်လား မင်းတို့အပြင်ကစောင့် ပေါက်စမင်းလည်းထတော့''

သူငယ်ချင်းတွေထွက်သွားမှ အိပ်ချင်စိတ်မပြေသေးတဲ့ ဝမ်ပေါက်စကို ဆတ်ကနဲကောက်ချီလိုက်တယ်။

"ဟာ ဟေ့လူကြီးဘာလုပ်တာလဲ ဖယ်...လွှတ် လွှတ်ပေး''

ရေချိုးခန်းထဲခေါ်သွားလိုက်ပြီးမှ ချပေးလိုက်တယ်။

"ကိုယ်ပြောစရာရှိလို့ နောက်ဆိုမင်းအိပ်ယာထတာ သူများမနှိုးခိုင်းနဲ့ ကိုယ်နှိုးပေးမယ် ကိုယိ့အခန်းထဲ သူစိမ်းတွေဝင်တာမကြိုက်ဘူး''

"သူစိမ်းမဟုတ်ဘူး ရိပေါ်သူငယ်ချငိးတွေ ကလေကချေတစ်ကောင်မှမပါဘူး သူဌေးသားတွေကြီးပဲ''

ဝမ်ချိုချိုလေးWhere stories live. Discover now