Unicode
ဝမ်ချိုချိုလေး
(အပိုင်း.၂၆)ဖြူလွလွသောင်ပြင်ပေါ် ဘေးပတ်လည်မှာ တဝက်တပျက်အရည်ပျော်ကျပြီးမီးသေနေတဲ့ ရောင်စုံ ဖယောင်းတိုင်းများအလယ် ဖက်အိပ်နေကြတဲ့လူနှစ်ယောက်။လေတဟူးဟူးတိုက်ခတ်နေတဲ့ သဲပြင်ပေါ်ဘာအပူပင်မှမရှိအိပ်စက်နိုင်သူတို့က အိပ်စက်နေပေမယ့် မအိပ်စက်နိုင်သူကတော့ အပူတွေနဲ့။
"ရိပေါ်ထစမ်း ဘယ်ချိန်တည်းကလာအိပ်နေတာလဲဟမ် ထ ထ ''
"ဟာ ဘာဖြစ်လာတာလဲ ဝမ်နင်ရာ သူများအိပ်နေတာကို ညတည်းကထိုင်နေတာခုမှအိပ်ရတာ''
"ဘာဖြစ်ရမှာလဲ မင်းတို့ဟာကြီးကြောင့် တညလုံးပတ်ပြေးနေရတာ ငါခုထိမအိပ်ရသေးဘူး မင်းတို့အခန်းမသုံးလည်းငါ့ပေးလေ ခုတော့မင်းက....ဘုန်း....ဘုန်း''
အအိပ်မက်နေတဲ့ သူ့ကလေးကျောကို ဝမ်နင်ကတဘုန်းဘုန်းထုတော့ မနေနိုင်တဲ့ရှောင်ကျန့်က လက်နဲ့လိုက်ကာတယ်။သင်းကတော့ လက်သီးနဲ့ထုနေတာကို ချော့သိပ်နေသလားမှတ်ပုံ ပေပြီးအိပ်နေတယ်။
နောက်ဆုံးမနေနိုင်တဲ့သူကပဲ ပေါက်စကိုရင်ခွင်ထဲကောက်ပွေ့လို့ လက်တကာကာနဲ့ ဝမ်နင်နဲ့စကားပြောယူရတယ်။"ဒီလိုလုပ်ပါလား ဝမ်နင်ခုလည်းကိုယ်တို့နဲ့အတူရှိနေပြီဆိုတော့ နောက်ကိုယ်တို့နားအမြဲနေ အဖွဲ့ဆိုတော့ သူဘာမှမလုပ်နိုင်လောက်ပါဘူး ညအိပ်ရင်လည်း စစ်ကျွေးနဲ့ အတူအိပ်လေ အဆင်ပြေလား''
"ပြေတာပေါ့ဗျာ သူကပစ်ထားလို့သာ ဒီကောင်ကိုမကျေနပ်ဘူး''
ဘုန်း ...
ဒီတခါဘုန်းကနဲရောက်လာတဲ့လက်သံဟာ သူ့ကလေးပေါက်စကို ကာကွယ်ပေးလိုက်တဲ့ ရှောင်ကျန့်ကျောပေါ်တည့်တည့်ကြီး။
ရှောင်ကျန့်ထုခံလိုက်ရတာမြင်ပြီး လန့်သွားတဲ့ဝမ်နင်လည်းသူ့လက်သူ တစ္ဆေသရဲမြင်သလိုပြန်ကြည့်ပြီး ထွက်ပြေးပါလေတယ်။
&&&
"ဟိုအစ်ကိုကြီး လာပါဦး''
"ကိုယ့်ကိုခေါ်တာလား''
သူ့ကိုယ်သူလက်ညှိုးထိုးလို့မေးလာတဲ့ အရပ်မြင့်မြင့်ရုပ်ဖြောင့်ဖြောင့်နဲ့ ပုဂ္ဂိုလ်။