ep.15

3.1K 318 20
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၁၅)

မြေးငယ်ကားတိုက်ခံရတယ်ကြားတော့ ခရီးသွားနေတဲ့ ဝမ်ကျိုးချန်က ချက်ချင်းပြန်ရောက်လာတယ်။
ဝမ်လီကလည်း သူ့အပစ်လွတ်အောင် ဦးအောင်စကားနဲ့ နားသွင်းထားတယ်။

"ပါး မြေးက အိမ်ကထမင်းချက်တွေရဲ့လက်ရာကို  မစားဘူးလေချေးများတယ် ပါးပိုက်ဆံတွေခိုးပြီး ကိုယ်တိုင်ထွက်ဝယ်လို့ဖြစိတာ သူပိုက်ဆံခိုးတတ်နေပြီ''

ဝမ်ကျိုးချန်ကတော့ စကားတစ်ခွန်းမျှမဆို သူ့မြေးရှိတဲ့ဆေးရုံသာလိုက်သွားတယ်။ကားတိုက်တာက ကားသမားသတိရှိလို့ ဘာမှမထိခိုက်ပဲ ရေနွေးပူလောင်တာပဲကုပေးလိုက်ရတယ်။

မြေးကိုအိမ်ပြန်ခေါ်လာတဲ့ ဝမ်ကျိုးချန်မျက်နှာက တစ်ခါမျှမမြင်ဘူးလောက်အောင် ခက်ထန်နေတယ်။

"ဝမ်လီ မင်းတို့သားအမိ အိမ်ပေါ်ကဆင်း''

"ပါး...သူဘာပြောလို့လဲ အဲ့ကလေးကဘာတွေ တိုင်လိုက်လို့လဲ''

"ဘာမှမပြောနဲ့ မြေးငယ်ခနခနဖြစ်နေတာကို ငါကဒီတိုင်းပစ်ထားမယ်ထင်နေလား... အိမ်မှာဘယ်သူမှမသိအောင် လျှို့ဝှက်ကင်မရာတွေတပ်ပြီး ငါတမင်ခရီးထွက်တယ်ပြောတာ အဖြစ်မှန်သိချင်လို့ပဲ''

"ပါးမလုပ်ပါနဲ့ သမီးမှားသွားပါတယ် ခွင့်လွှတ်ပါ  တောင်းပန်ပါတယ် ပါးမြေးဝမ်ချောင်မျက်နှာကြည့်ပါဦး သူလည်းမသိတတ်သေးတဲ့အရွယိပါ''

မြေးဦးဝမ်ချောင်နာမည်ပါလာတော့ ဝမ်ကျိုးချန်သက်ပြင်းကိုလေးတွဲ့စွာချလို့ တထစ်လျော့သွားတယ်။

"ကောင်းပြီ ငါ့မြေးမျက်နှာကြောင့် နန်ကျင်းကအိမ်မှာသွားနေခွင့်ပြုမယ် company မှာလည်းအရင်လိုနေခွင့်ပြုမယ် အိမ်မှာတော့မနေရဘူး မင်းရှိနေသ၍.မြေးငယ်ကိုစိတ်မချဘူး ထွက်သွားကြ''

ဝမ်လီတစ်ယောက်ခြေသလုံးဖက်တောင်းပန်လည်း အသုံးမဝင်တော့ သူ့အပစ်ကြောင့် ဝမ်Groupဆက်ခံသူကနေရာက မြေးဦးဝမ်ချောင်အတွက်မသေချာတော့ပေ။ထိုအချိန်ကစ ဝမ်ရိပေါ်ကြောင့်အိမ်ပေါ်ကဆင်းရပြီး ဖိုးဖိုးအချစ်တွေဆုံးရတာဆိုပြီး ဝမ်ချောင် က တစ်ဦးတည်းသောညီလေးကိုအမုန်းကြီးမုန်းသွားခဲ့တယ်။

ဝမ်ချိုချိုလေးWhere stories live. Discover now