ep.24

2.3K 236 19
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၂၄)

တစ်ပတ်ကြီးတောင် ခွဲနေရတာ ဦး ကအိမ်ရောက်နေပြီဆိုတော့ အမြန်လာခဲ့လိုက်တယ်။စချင်တာမို့ အသံမပေးပဲအိမ်ထဲခြေလှမ်းဖွဖွလေးဝင်လာတော့ ဖိုးဖိုးနဲ့ဦးက ဧည့်ခန်းထဲမှာ အခွေကြည့်နေကြတယ်။ဘာတွေများစိတ်တူကိုယ်အတူကြည့်နေကြလည်းသိချင်တာမို့ အသာရပ်ကြည့်နေတော့....
ကျွန်းမှာသူတွေ့ခဲ့တဲ့ တိုင်းရင်းသားအဖွားအို။ဒီအဖွားကနာမည်ကြီးနေတာလား ။

"အဖွားဘာမှမသိပါဘူး ရှေ့ဖြစ်နောက်ကြောင်းလည်း မဟောနိုင်ပါဘူး အဲ့တုန်းက မိန်းကလေးလီအကူညီတောင်းလို့ လုပ်ပေးခဲ့တာပါ...သူတို့သားမိက အဖွားသားလေးအပေါ်ကျေးဇူးရှိလို့ သူတို့ပြောခိုင်းတဲ့အတိုင်းပြောပေးရုံပါပဲ...အဲဒါမှသူ့တူလေးအန္တာရယ်ကင်းမယ်ဆိုလို့ အဖွားစေတနာနဲ့ကူညီခဲ့တာပါ''

"ကျေးဇူးတင်ပါတယ်အဖွား ဒီလောက်ဆိုရပါပြီ ကျွန်တော့်ကိုခွင့်ပြုပါဦး''

Videoလေးက ပြီးဆုံးသွားပါပြီ မပြီးသေးတာက သူ့ရင်လှိုင်းထခုန်နေတာပဲ။တခုခုပေါက်ကွဲသွားသလို ဖန်ပန်းကန်လေး လန့်ပြီးကွဲသွားသလို သူ့နှလုံးသားလေးဖျတ်ကနဲကွဲကြေသွားတယ် နေရာကမရွေ့နိုင်တော့။ 

"ဟင်...ရိပေါ်ရောက်လာပြီလား.''

"မြေး...video မြင်သွားပြီလား''

"ဖိုးဖိုး''

သူ့အဖိုးကိုပြေးဖက်လို့ ငိုနေပေပြီ တကယ့်ကလေးပေါက်စလေးပဲ။

"ဖိုးဖိုး ရိပေါ် ရိပေါ်အကြာကြီး အီးဟီး....
အကြာကြီးခံစားခဲ့ရတာ အိမ်မပျော်တဲ့ညတွေရှိတယ် လန့်နိုးတဲ့ညတွေရှိတယ်..''

"အင်း...အင်း...ဖိုးဖိုးသ်ိတယ်''

"ဒေါ်လေးလီတမင်လုပ်တာပေါ့ ရိပေါ်ကိုဘာလို့အဲလောက်တောင်ရက်စက်ရတာလဲ ရိပေါ်သူ့ကိုဘာလုပ်မိလို့လဲ ''

ဝမ်ကျိုးချန်မှာ ပြောစရာစကားတို့ဆွံအလို့ ငွေပေါ့မြေးရယ် ငွေကြောင့်ဆွေးမျိုးရင်းချာလုပ်ရက်တာလို့ ပြောမထွက်။
ငိုနေတဲ့မြေးကို ကျောလေးပုတ်ပေးပြီးချော့နေပုံက ကလေးပိစိလေးလို။ ဒီအဖိုးနဲ့ဒီမြေးကလိုက်လည်းလိုက်ပါ့။သူ့အဖိုးရှေ့ဆို ကလေးဖြစ်သွားတာပဲ။
.
"ဦးကိုသနားလိုက်တာ ...လက်ထပ်ရအောင်ပြောတိုင်း ရိပေါ်က.ငြင်းနေမိတာ...ဦးသနားပါတယ်နော် အသက်ကကြီးပြီလေ အရွယ်မလွန်ခင် လက်ထပ်ချင်ရှာမှာပေါ့ ''

ဝမ်ချိုချိုလေးWhere stories live. Discover now