ep.23

2.4K 220 21
                                    

Unicode

ဝမ်ချိုချိုလေး
(အပ်ုင်း.၂၃)

သူ့ရှေ့ကကောင်လေး ဘာတွေများစဥ်းစားနေလဲ သိချင်လွန်းလို့ သူများအတွေးစိတ်ကူးကို ဖတ်နိူင်တဲ့ တန်ခိုးစွမ်းအင်ပါ လိုချင်မိတဲ့ထိ။ခနကြာတော့ ဝမ်ပေါက်စက ရှောင်ကျန့်လက်ကိုဆွဲလို့ သွားကြမယ်လေလို့ ခပ်တည်တည်နဲ့ပြောလာတယ်။မျက်နှာလေးက တည်လွန်းလို့ သူ့စိတ်ထဲဘာတွေးနေလဲ ခန့်မှန်းရမလွယ်ကူ။

"သစ်ခွတွေလည်းမျိုးစုံပဲနော် ''

"အဲဒါမားအကြိုက်ဆုံးပန်းလေ''

ခရမ်းရောင်ပွင့်ဖတ်လေးဆီ လှမ်းနေတဲ့လက်တွေကို မသိမသာလေးပြန်ရုတ်လိုက်တယ် သူကြောင့်သတိရခြင်းဝန်ထုတ်ဝန်ပိုးတွေ ထပ်မပိစေချင်တော့။
စကားတပြောပြောနဲ့ သူ့ကိုအာရုံလွှဲတာလား ကိုယ်ပါသာလွှဲလာမိတာလား မသိ ပေါက်စခြေစုံရပ်နေတာမြင်မှ ရှေ့တူရှူ့ကိုအကြည့်ပိုမိရတယ်။ရေပူစမ်းကိုရောက်နေပြီပဲ။

"ပေါက်စ ဆင်းမလား''

"ဦးဆင်းချင်ဆင်းလေ ဒီနေ့ရိပေါ်စိတ်မပါဘူး''

"အဲဒါဆို ခြေထောက်လေးပဲစိမ်ရအောင်နော်''

ခေါင်းလေးညိတ်လို့ ဘေးမှာဝင်ထိုင်တယ်။
ရေထဲစိမ်ထားတဲ့ခြေသလုံးဖွေးဖွေးလေးတွေကို တချက်တချက်လှည့်ငေးရင်း.ရေနွေးငွေ့တွေကိုစူးစိုက်ကြညိ့မိရင်း.လူတစ်ယောက်ဘွားကနဲပေါ်လာရင်လို့ အတွေးဝင်မိပြန်တယ်။

&&&

"အခြေနေဘယ်လိုရှိလဲ''

"ဝမ်ဥက္ကဌမစိုးရိမ်ပါနဲ့တော့ ရိပေါ်နဲ့မနက်ဖြန်တောင်အဲဒီကိုထပ်သွားဖို့ ပြောထားသေးတယ် ''

"ကျေးဇူးတင်တယ်ကွာ ''

ရှောင်ကျန့်နဲ့စကားအနည်းငယ်ပြောပြီး ဝမ်ပေါက်စလာနေတာမြင်တော့ ဖုန်းအမြန်ချလိုက်ရတယ်။

"မြေး ဖိုးဖိုးနားလာပါဦး ဒီနေ့ကျူဝါးရုံကိုသွားတယ်ဆို ဖိုးဖိုးအဲ့လိုမြင်ချင်တာသိတယ် မဟုတ်လား''

"ရိပေါ်  သိပါတယ် ခုနေမြင်လိူက်ရတော့လည်း ဘာမှမဟုတ်သလိုပဲနော် ''

ဝမ်ချိုချိုလေးWhere stories live. Discover now