ep.21

2.5K 238 18
                                    

Unicode

ဝမ်ချိုချိုလေး
(အပိုင်း၂၁)

"မြေး...အဖိုးနားလာပါဦး''

ဝမ်ကျိုးချန်ခေါ်လိုက်တယ်ဆ်ုရင်ပဲ  ဝမ်ပေါက်စက ကြောင်ပေါက်ကလေးလို အဖိုးနားသွားခေါင်းလေးနဲ့ တိုးဝှေ့ချွဲလေရဲ့ကမ္ဘာပေါ်မှာ သူစိတ်ထဲရှိသလို လွတ်လွတ်လပ်လပ်ထုတ်ပြဝံ့တဲ့ တစ်ဦးတည်းသော
အချစ်ဆုံးသူ။

"ဟိုရွာလေးမှာ မြေးပိုးထိတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖိုးဖိုးအသိတစ်ခုဝင်လာတယ် မြေးကိုစိတ်မချတော့ဘူး အလုပ်တွေအကုန်လွှဲပေးချင်ပြီ စိတ်တိုင်းကျသူငယ်ချင်းတွေလည်းခေါ်ပြီးပြီ ရှောင်ကျန့်ပါလည်းခေါ်ထားတယ် ဒီလောက်ဆို ကြိုးစားဖို့လုံလောက်ပြီ မဟုတ်လား''

ရိပေါ်က သူ့ဖိုးဖိုးပြောသမျှ ဒီတခါတော့ အလေးအနက်နားထောင်နေတယ်။

"မြန်မြန်ကျွမ်းကျင်နေအောင်လုပ်ပါ ဆက်ခံသူနေရာ
ရောက်ပြီးလည်း အရည်ချင်းမရှိရင် မကြာခင်ဖြုတ်ချခံရမှာပဲ ဒါကြောင့်အမြန်ဆုံးကြိုးစားပါ ဖိုးဖိုးစိတ်မပျက်ချင်ဘူး နားလည်လားမြေး''

"ဟုတ် ရိပေါ်ကြိုးစားပါ့မယ်''.

"ညနေပွဲကစမယ် ညစာစားပွဲဆိုပေမယ့် အမှန်က ရှယ်ယာရှင်တွေတွေ့ဆုံပွဲပဲ ရှောင်ကျန့်လည်းလာလိမ့်မယ် သေချာလုပ်ခဲ့ ကြားလား''

"Yes sir''

ရွှတ်နောက်နောက်နဲ့ နဖူးပေါ်လက်တင်ပြီး အလေးပြုပုံတွေလုပ်နေတော့ ဖိုးဖိုးမပြုံးပဲ မနေနိုင်တော့ ဒီချစ်မဝလေးနဲ့တော့ခက်ပြီ။

အသွားတုန်းက ရွှင်လန်းတက်ကြွနေသလောက် အပြန်မှာတော့ မှုန်ကုပ်ကုပ်မျက်နှာပေးနဲ့ သူ့မြေးဖြစ်အင်ကို တကယိကိုနားမလည်နိုင်။

"မြေး ဘာဖြစ်လာတာလဲ''

ပြောခါမှပိုဆိုးဆိုသလို အဖိုးခါးဖက်ပြီး အိကနဲငိုချလိုက်တဲ့ ဝမ်ပေါက်စကြောင့် ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ကုန်တယ်။

"ဘာဖြစ်လာတာလဲ ပြောပါဦး ဖိုးဖိုးစိတ်ပူအောင်မလုပ်နဲ့''

"ဖိုးဖိုး.ဦးလေ ဦးမကောင်းဘူး ညစာစားပွဲမှာရိပေါ်ရှိနေတာတောင် အဖက်မလုပ်ပဲ အမျိုးသမီးဒါရိုက်တာတစ်ယောက်နဲ့ စကားတွေပြောနေတယ် ရိပေါ်စိတ်ရှည်ရှည်ထားစောင့်ပါတယ် နောက်ဆုံးအိမ်အပြန်ပါကားနားထိစောင့်ပါတယ် သူက သူက အီးဟီး''

ဝမ်ချိုချိုလေးWhere stories live. Discover now