🌳1🌳{ZU}

1.9K 122 3
                                    

ချမ်းအေးလွန်းတဲ့ ဆောင်းရာသီ ကြီးမှာ ရွာတဲ့ မိုးကို ကျွန်တော် အရမ်းမုန်းသည်။ မနက် ၆ နာရီကတည်းက ဖွဲဆုပ်ဖွဲဆုပ် ရွာနေတဲ့ မိုးဟာ နေ့လည် ၁ နာရီမှာ ဘယ်အငြိုးနဲ့ များ သည်းကြီးမည်းကြီး ရွာပါလိမ့်..

မှန်မှာ လာစင်တဲ့ မိုးစက်လေးတွေကို ကြည့်ပြီး တစ်စုံတစ်ယောက် ကို အတိုင်းအဆ မသိလွမ်းမိသည်။

*ဒီမှာနေရတာ ကျွန်တော် အဆင်မပြေဘူး။ ဦး ရော အဆင်ပြေရဲ့လား။ ဟင်း ကျွန်တော်ကတော့ ကြံဖန်ပြီး စိတ်ပူနေပြန်ပြီ။ ဦး က ဘာကိစ္စ အဆင်မပြေရမှာလဲ။ သူ့ဘေးနားမှာ သူချစ်ရတဲ့ သမီး နဲ့ မိန်းမ ရှိနေတာဘဲ။ *

- ကျန်းချန် ဆေးသောက်မယ်။

ကျန်းချန် - တင်ထားခဲ့လိုက်။ ငါပြီးရင် သောက်လိုက်မယ် ၀မ်းနင်။

ဝမ်းနင် - ငါ ရှေ့မှာဘဲသောက်။ မင်းအမေ ဖုန်းဆက်တယ် ဘယ်တော့ China ကို ပြန်လာမှာလဲတဲ့။

ကျန်းချန် - ငါ မပြန်ချင်ဘူး ၀မ်းနင်။ ငါ ရင်မဆိုင်ရဲသေးဘူး။

ဝမ်းနင် - လန်ရှီးချန် ကိုလား။

ကျန်းချန် - အင်း ဦး က အခုချိန် ဆို ငါ့ကို ခါးခါးသီးသီး မုန်းနေမှာ။

ဝမ်းနင် - ၀မ်းနည်းစရာတွေ မတွေးနဲ့တော့။ ဒီနေ့ ရုံးစောစော ဆင်းရအောင်။ ဟိုဘက်လမ်းထိပ်က အမဲသားစွတ်ပြုတ်ဆိုင် က အရမ်းစားကောင်းတယ်။ သွားစားကြရအောင်။

ကျန်းချန် - ငါ မစားချင်ဘူး။ မင်းဘာသာ သွားစား။ ဦး နဲ့ အမှတ်တရ ရှိတဲ့ နေရာတွေ ငါ မသွားချင်ဘူး။

ဝမ်းနင် - မင်းသဘောပါ။ ဒါဆို ငါ အလုပ်သွားလုပ်တော့မယ်။ ဆေးသောက်လိုက်အုံးနော်။

ကျန်းချန် - အင်း

ဘေးနား စားပွဲခုံပေါ်မှာ ရှိတဲ့ တယောလေးကို ယူပြီး ဦး အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို တယောလေးထိုးရင်း ဖွဖွလေး ညည်းဆိုလိုက်သည်။

*ကျွန်တော် အလွမ်းတွေ ဦး ကြားသိပါစေ။ ကျွန်တော် မသေခင် ဦး နဲ့ တစ်ကြိမ်လောက် တွေ့ချင်သေးတယ်။*

မင် - ရှီးချန်

ရှီးချန် - ကလေး အကြောင်း သိရပြီလား။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now