🌳24🌳{ZU}

532 66 12
                                    

ကျန်းချန် ငိုလို့ ၀တော့မှ ပါးပြင်ပေါ်က မျက်ရည်တွေ ကို သုတ်လိုက်ပြီး ဖုန်းထုတ်လိုက်တော့ ဦး ဆီက Miss call ပေါင်း မြောက်များစွာ။ ကျွန်တော်ပျောက်သွားလို့ ဦး စိတ်ပူနေတော့မှာ။ ဦး ဆီ ကို ဖုန်းပြန်ခေါ်လိုက်တော့ ချက်ချင်းကိုင်တဲ့ ဦး။

📞ကလေး! အခု ဘယ်မှာလဲ။📞

📞ဆေးရုံ နဲ့ ခပ်လှမ်းလှမ်း က ကစားကွင်းထဲမှာ။📞

📞အဲ့မှာ စောင့်နေ ဦး အခုချက်ချင်းလာခဲ့မယ်။ ခြေတစ်လှမ်းတောင် မရွေ့နဲ့။ 📞

ဖုန်းချပြီး ချစ်မ၀လေး ရှိနေမဲ့ ကစားကွင်းဘက် ထွက်လာလိုက်သည်။ ကိုယ်ကသာ ဆေးရုံဝန်းထဲ အရူးတစ်ယောက်လို လိုက်ရှာနေရတာ သူကတော့ ကစားကွင်းထဲမှာတဲ့။ တွေ့မှ အပြစ်ကြီးကြီး ပေးပစ်မယ်။

ကစားကွင်းဘက်ရောက်တော့ တွေ့ပါပြီ။ ဒန်းပေါ်မှာ ထိုင်ပြီး ကလေးတွေ ဆော့ကစားနေကြတာကို ကြည့်နေတဲ့ ချစ်မ၀လေး။ သူရှေ့ သွားရပ်လိုက်တော့ မော့ကြည့်လာတဲ့ ချစ်မ၀လေး။ တစ်ဆိတ် ချစ်မ၀လေး ငိုထားတာလား။

ကျန်းချန် - ဦး ရောက်လာပြီလား။

ရှီးချန် - အင်း။ ပြောတော့ ဆေးရုံအောက်ထပ်မှာ စောင့်မယ်ဆို။ ဦး မှာ ဘယ်လောက်ထိ စိတ်ပူသွားရတယ် ထင်လဲ။

ကျန်းချန် - တောင်းပန်ပါတယ် ဦး။ ကျွန်တော်တို့ လျှောက်လည်ရအောင်လေ။

ရှီးချန် - မလည်ဘူး။

ကျန်းချန် - ဘာလို့လဲ။

ရှီးချန် - ဦး စိတ်ဆိုးနေတယ်။ စိတ်ဆိုးပြေအောင် ချော့ရင် လျှောက်လည်ပေးမယ်။

ကျန်းချန် - ကျွန်တော်ရဲ့ ဦး က စိတ်ဆိုးနေတာလား။ ခက်တာဘဲ ကျွန်တော်က မချော့တတ်ဘူး။

ရှီးချန် - မချော့တတ်တော့လည်း ပြီးရော လေ လျှောက်မလည်တော့ဘူး။

ကျောခိုင်းပြီး လှည့်ထွက်လာလိုက်သည်။ ၃ လှမ်း လောက်လှမ်းပြီးမှ ကျွန်တော့် လက်ကို လာဆွဲတဲ့ ကောင်လေး။ တစ်ချက်ပြုံးပြီး လှည့်ကြည့်လိုက်တော့ ချစ်မ၀လေး မဟုတ်ဘဲ ကလေးလေး တစ်ယောက်။ ဘာတုန်းဟာ

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Dove le storie prendono vita. Scoprilo ora