🌳19🌳{ZU}

432 64 6
                                    

ကျန်းချန် - မင်ဂျွယ်ကော အအေးလေး သုံးဆောင်ပါအုံး။

မင် - ကျေးဇူး ကျန်းချန်။ မင်္ဂလာပွဲ တောင် ရောက်တော့မယ်။

ရှီးချန် - ဟုတ်ပါ့။ ကလေး , ဦး စကားပြောလိုက်အုံးမယ်။ ကလေး နားချင် သွားနားလေ။ အခုရက်ပိုင်း ကလေးကြည့်ရတာ အရမ်းဖြူဖျော့နေတယ်။

ကျန်းချန် - ပွဲ အတွက် လိုတာလေးတွေ ပြင်ဆင်နေရလို့ပါ။ ဒါဆို ကျွန်တော် သွားအိပ်လိုက်အုံးမယ်။ မင်ဂျွယ်ကော ခွင့်ပြုပါအုံး။

မင် - အေး

ကျွန်တော် ထိုင်နေရာမှ ထရပ်လိုက်ချင်း တစ်ချက်ယိုင်သွားတော့ ဦး က အမြန်ထွေးပွေ့လာသည်

ရှီးချန် - ရရဲ့လား ချစ်မ၀လေး

ကျန်းချန် - ရ..ရတယ် ဦး။ အေးဆေး စကားပြောကြနော်။

ဦး ကို ပြုံးပြပြီး အပေါ်ထပ်ကိုသာ တတ်လာလိုက်သည်။ တရွေ့ရွေ့ နဲ့ အပေါ်တတ်သွားသော ချစ်မ၀လေး ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

မင် - ငါ ကျန်းချန် ကို ကြည့်ရတာ အားမရဘူး။ ဆေးတွေဘာတွေ သွားစစ်ကြည့်အုံး။

ရှီးချန် - ဆိုးလ် မှာတုန်းက တစ်ခါ သွားစစ်သေးတယ်။ အဲ့တုန်းက ဘာရောဂါမှ မရှိဘူး။

မင် - အင်း။

စကားပြောတာရပ်ပြီး အလုပ်ကိစ္စသာ ဆွေးနွေးဖြစ်သည်။ စိတ်ထဲမှာလည်း တစ်ခုခု ကို ထင့်နေသလို ခံစားရသည်။

အခုရက်ပိုင်း ပွဲအတွက် စီစဉ်နေရတာနဲ့ ဆေးမသောက်ဖြစ်တာ ၃ပတ်လောက်ရှိတော့မည်။ မနေ့ညက နှာခေါင်းသွေးပြန်ယိုတော့ ဆေးထသောက်ပေမယ့် ဒီမနက်မှာ ၂ကြိမ်လောက် ထပ်ယိုပြီးပြီ။နောက်ပြီး စိတ်ထဲလည်း တစ်ခုခုကို စိုးရိမ်နေသလို ဖြစ်နေသည်။ တစ်ယောက်ယောက်ကို ရင်ဖွင့်မှ ဖြစ်တော့မယ့် အနေအထားမို့ ၀မ်းနင်ဆီ ဖုန်းလှမ်းဆက်လိုက်သည်။

📞၀မ်းနင် မင်း ပြန်မလာသေးဘူလား။📞

📞ငါ လား မနေ့ညကတည်းက ပြန်ရောက်နေတာ။ ညနေမှ မင်းဆီ လာခဲ့မယ်။ မင်းရော အဆင်ပြေရဲ့လား။📞

📞ငါက အဆင်ပြေတယ်။ ဒါပေမယ့် ငါ နှာခေါင်းသွေးပြန်ယိုနေတယ်။📞

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now