🌳5🌳{ZU}

431 69 2
                                    

Exam အတွက် လိုအပ်တဲ့ အချက်အလက်တွေ ရှာ စုဆောင်းပြီး နှစ်ယောက်သား Moonlight Cafe ကို ထွက်လာလိုက်သည်။

Cafe ရောက်တော့ ကိုယ်စားချင်တဲ့ မုန့် နဲ့ သောက်စရာ မှာပြီး စောင့်နေရင်း ဆိုင်ထဲ ဝေ့၀ဲကြည့်လိုက်တော့ ဆိုင်ရဲ့ ထောင့်စွန်းမှာ စတိုင်ကျကျ ထိုင်ပြီး ကော်ဖီသောက်နေတဲ့ ဦး။

ကျန်းချန် - ၀မ်းနင် မင်း ယူခဲ့လိုက်တော့

ဝမ်းနင် - ကျန်းချန်!

ခပ်သွက်သွက် လျှောက်သွားတဲ့ ကျန်းချန် ကို ၀မ်းနင် ဒီအတိုင်းသာ လွှတ်ပေးလိုက်သည်။ ကျန်းချန် သွားတဲ့ နေရာက နေ့တိုင်း ညတိုင်း တစ်ဦး တည်း ဦး နေတဲ့ ကျန်းချန် စွဲလမ်းနေတဲ့ ဦး ရှိရာဆီ မို့..

ကျန်းချန် - ဦး ထပ်တွေ့ ပြန်ပြီနော်။ ကျွန်တော့် ကို ဒီမှာ ထိုင်ခွင့်ပြုလို့ရမလား။

ရှီးချန် - အာ ကလေး၊ အင်း နာရီဝက်လောက်တော့ ထိုင်လို့ရမယ်။ ဦး က ဧည့်သည်နဲ့ ချိန်းထားလို့။

ကျန်းချန် - ဒါဆို နာရီဝက် မပြည့်ခင်ထိ ကျွန်တော် ဒီမှာ ထိုင်မယ်နော်။

ရှီးချန် - ထိုင်ပါ။

ဦး ဆီ က ထိုင်ပါ စကားကြားတော့မှ ဘေးက ထိုင်ခုံကို ဆွဲပြီး ၀င်ထိုင်လိုက်သည်။

ကျန်းချန် - ဟိုနေ့က ကိစ္စအတွက် တောင်းပန်ပါတယ် ဦး.

ရှီးချန် - ရပါတယ် ဘာမှ မဖြစ်ဘူး။ အဖော်မပါဘူးလား။

ကျန်းချန် - ပါတယ် မုန့်မှာရင်း ကျန်ခဲ့တာ။

ရှီးချန် - ကလေး ကြည့်ရတာ ဦး ထက် ငယ်မယ်ထင်တယ်။

ကျန်းချန် - ကျွန်တော် အသက်က ၁၈ နှစ် ကျော်ကျော်ဘဲ ရှိသေးတယ်။ ဦး အသက်ရော။

ရှီးချန် - ဦး အသက် က ၃၅ နှစ်ထဲမှာ။

ကျန်းချန် - 35 years . Wow မထင်ရဘူး ဦး က။ ကျွန်တော် က ၂၈ ၂၉ လောက်ဘဲ ထင်နေတာ။ ဦး က တကယ် နုတာဘဲ။

ရှီးချန် - ဟဟ ဦး က မုန့်ကျွေးမယ်လေ။ ဘာစားမလဲ။

ကျန်းချန် - ကျွန်တော် ဘာမှ မစားတော့ဘူး။ ဦး ကျွန်တော့် ကို ဦး ဖုန်းနံပါတ်လေး ပေးလို့ ရမလား။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now