🌳2🌳{ZU}

937 95 0
                                    

ဝေ့ - လေးလေးကျန်း၊ အားရီ ၊ ကျဲ

ယန်လီ - အားရှန့် လာပြီလား။ လာထိုင်။

ဝေ့ရင်း လည်း အစ်မဖြစ်သူနား ၀င်ထိုင်လိုက်သည်နှင့် ယွီဇီယွမ် က

ယွီ - အားရှန့် ၊ အားချန် အကြောင်းသိရပြီ။

ဝေ့ - အခု အားချန် ဘယ်မှာလဲ အားရီ။

ဖုန်းမြန် - အားရှန့် တကယ်တော့ အားချန် ဘယ်မှာရှိလဲ ဆိုတာ လေးလေး တို့ သိတယ်။ အားရှန့် စိတ်နဲ့ဆို Korea ကို လိုက်သွားမယ် ဆိုတာလည်း လေးလေးတို့ သိတယ်။ ဒါကြောင့် လေးလေး တို့ အားရှန့် ကို မပြောခဲ့ကြတာ။ အခု မှ ဘာလို့ ပြောရလဲ ဆိုတော့ ၀မ်းနင် ဖုန်းဆက်တယ်။ အားချန် က သွေးကင်ဆာ နောက်ဆုံး အဆင့် ရောက်နေပြီတဲ့။ရိုးတွင်းချဉ်ဆီ လှူမဲ့ လူလည်း အဆင်သင့်ဘဲ။ ဒါပေမယ့် ခွဲစိတ်ဖို့ကို လက်မခံဘူး။ အဲ့တာကြောင့် လေးလေး တို့ကို လာခဲ့ဖို့ ခေါ်နေပြီ။

ဝေ့ - အား..အားချန် က သွေးကင်ဆာ နောက်ဆုံးအဆင့်။ မဖြစ်..မဖြစ်နိုင်တာ ဒီလောက် တတ်တတ်ကြွကြွ ရှိနေတဲ့ ကလေး ကလေ။

ယန်လီ - လွန်ခဲ့တဲ့ ၅ နှစ် အားချန် လက်ထပ်တဲ့နေ့က ရှီးချန်ကော သူ့သမီး ဆီ သွားတဲ့ နေ့က မေ့လဲသွားတာ အားရှန့် သိတယ်မလား။

ဝေ့ - ကျွန်တော်သိတယ် ကျဲ။

ယန်လီ - အဲ့တုန်းက အားချန် ရောဂါက Level 1 အဆင့်ဘဲ ရှိသေးတယ်။ အားချန် က အမြဲတမ်း နှာခေါင်းသွေးယိုတယ်။ အဲ့တုန်းက ကျဲ တို့ကလည်း ပေါ့ပေါ့တန်တန် နေခဲ့တာ။ အဲ့နေ့ကမှ အားချန် မှာ သွေးကင်ဆာ ရှိမှန်း သိလိုက်တာ။

ဝေ့ - ဒါဆို ၅နှစ်အတွင်း ဆေးမကုဘဲ နေလို့ နောက်ဆုံး အဆင့်ထိ ရောက်သွားတာပေါ့။

ယန်လီ - အားချန် က သူ့ကိုယ်သူ အပြစ်တင်တဲ့ အနေနဲ့ ဆေးမသောက် ဆေးမကုခဲ့တာတဲ့။

ဝေ့ - ဘာကို အပြစ်တင်တာလဲ။

ယန်လီ - သူကြောင့် ရှီးချန်ကော အိမ်ထောင်ပြိုကွဲရတာရယ်၊ ကျဲတို့တွေ ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေ ခံရတာတွေ၊ အားရှန့် နဲ့ အားကျန့်တို့ ရဲ့ အိမ်ထောင်ရေးကိုပါ ထိခိုက်မှာ စိုးလို့တဲ့။ အခု သူရောဂါ ခံစားရတာ ဘုရားက ပြစ်ဒဏ်ပေးတယ် လို့ သတ်မှတ်တယ်တဲ့။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now