🌳8🌳{ZU}

387 59 5
                                    

ရီဖေး - မောင် ဘယ်သွားမလို့လဲ။

ရှီးချန် - မောင် မင်ဂျွယ် နဲ့ ချိန်းထားလို့ သွားတွေ့လိုက်အုံးမယ်။

ရီဖေး - ဟုတ်မောင်။ ကား ဂရုစိုက်မောင်းနော်။

ရှီးချန် - အင်း

သမီး ရဲ့ ပါးဖောင်းဖောင်း လေးကို နမ်းရှိုက်လိုက်ပြီး ရင်ခုန်သံလေး နဲ့ ချိန်းထားတဲ့ ပန်းခြံ ကို ထွက်လာလိုက်သည်။ ပန်းခြံရောက်တော့ ရှာစရာ မလိုအောင်ကို ထိုကောင်လေး ကို တန်းတွေ့လိုက်ရသည်။

ရှီးချန် - ရောက်နေတာ ကြာပြီလား ချာတိတ်။

ကျန်းချန် - ၉ခွဲကတည်း က ရောက်နေတာ။

ရှီးချန် - နေမကောင်းဘူးလား။

ကျန်းချန်  - နေကောင်းတယ်။ စိတ်မကောင်းတာ။

ရှီးချန် - ဦး ပြောခဲ့သားဘဲ။ မင်း မှ မယုံခဲ့တာ။

ကျန်းချန် - ကျွန်တော့်ကို ဦး နှလုံးသားလေးရဲ့ နေရာသေးသေးလေးထဲမှာ တောင် မထားနိုင်ဘူးလားဟင်။

မျက်ရည်တွေ ဝေ့သီစွာ ဆိုလာတဲ့ ကောင်လေး ကို ရင်ခွင်ထဲ ထည့်ဖက်ထားချင်လိုက်တာ။ သို့သော်လည်း

ရှီးချန် - မင်း ငယ်ပါသေးတယ် ချာတိတ်ရယ်။

ကျန်းချန် - ကျွန်တော် မငယ်တော့ဘူး။ ကျွန်တော် ၁၈ ပြည့်ပြီးလို့ ၁၉ ထဲ ၀င်နေပြီဗျာ။

ရှီးချန်  - ချာတိတ် မဆိုးစမ်းနဲ့ကွာ။

ကျန်းချန် - ဦး ကျွန်တော့်ကို ပြန်ချစ်ပေးရင် ကျွန်တော် မဆိုးဘဲ နေမယ်လေ။ ကျွန်တော် ဦး ကို အရမ်းချစ်လို့ပါ ဦး ရယ်။ ဦး တိုးတိုးတိတ်တိတ် တွဲချင်ရင်လည်း ရပါတယ်။ ကျွန်တော် အဲ့အဆင့်လေး နဲ့တင် ကျေနပ်ပါတယ်။

ရှီးချန် - ဦး မိသားစု အပေါ် သစ္စာဖောက်တဲ့ အလုပ်မျိုး ဦး မလုပ်ဘူး။ အိမ်ထောင်ရှိတဲ့ ယောကျာ်းတစ်ယောက်ကို မစွဲလမ်းပါနဲ့။ ဒု သ န သော ကံ ကို မကျူးလွန် စမ်းပါနဲ့ ချာတိတ်ရာ။

ကျွန်တော် - ကျွန်တော့်ကို တရား လာမဟောနဲ့ဗျာ။ ဘာ ဒု သ န သော လဲ။ ကျွန်တော် မသိဘူး။ ကျွန်တေယ် သိတာ ဦး ကို အရမ်းချစ်တယ် ဆိုတာဘဲ။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now