🌳10🌳{ZU}

428 63 2
                                    

ဆေးရုံမှာ ၃ ရက်လောက်နေလိုက်ရတဲ့ ကျွန်တော်ဘ၀ကြီး က သာယာမနေဘူး။ ရီဖေးကျဲ လာတိုင်း ဦး ပါလာမလား ဆိုပြီး မျှော်နေတတ်တဲ့ ကျွန်တော်ဟာ ဦး ကြောင့် အလွမ်းအဆိပ် တတ် နေ ပြီ။

အိမ်မှာ နေနေတုန်း ၀မ့်ကျီးကော က ပြောစရာရှိလို့ ****Cafe ဆိုင်မှာ တွေ့ရအောင်လို့ ချိန်းဆိုထားမှုကြောင့် ၀မ်းနင် အတူတူ ကော်ဖီဆိုင် ကို ထွက်လာလိုက်သည်။

ဝမ်းနင် - ကျန်းချန် ၀မ့်ကျီးကော က ငါတို့ကို ဘာလို့ ချိန်းတာလဲ။

ကျန်းချန် - မင်းတောင် မသိတာ ငါက ဘယ်လိုသိမှာလဲ။

ဝမ်းနင် - မင်း ဘာဖြစ်နေတာလဲ။

ကျန်းချန် - ဦး က သိသိသာသာ ကို ငါ့ကို ရှောင်နေတယ်။

ဝမ်းနင် - မဖြစ်နိုင်တဲ့ လူကို မမျှော်မှန်းပါနဲ့ ကျန်းချန် ရာ။

ကျန်းချန် - ငါ ဦး ကို အရမ်းချစ်တာ။ အဆုံးရှုံးမခံနိုင်ဘူး။ ဒါကြောင့် ငါဆုံးဖြတ်ထားတယ်။ ဦး ကို မရရအောင် ယူမယ်လို့။

ဝမ်းနင် - ဘာရယ်။ ကျန်းချန် မင်း ဘာစကားပြောလိုက်တယ်

ကျန်းချန် - ဦး ကို မရရအောင် ယူမှာ။ ဦးသည်သာ ငါ့ဘ၀၊ ဦးသည်သာ ငါ့အချစ်။

ဝမ်းနင် - မဟုတ်သေးပါဘူး။

ကျန်းချန် - ၀မ့်ကျီးကော လာပြီ။

ဝမ်းနင် ဆက်ပြောဖို့ အလုပ် ဆိုင်ထဲဝင်လာတဲ့ လန်ကျန့်ကြောင့် ကျန်းချန် တားလိုက်သည်။

လန်ကျန့် - Sorry ညီတို့။ ကော လက်မှတ်ထိုးစရာလေး ရှိနေလို့။

ကျန်းချန် - ရပါတယ်ကော။ ကျွန်တော်တို့ကို ဘာပြောမလို့လဲ။

လန်ကျန့် - ကော မင်းတို့ကို အကူအညီတောင်းမလို့။ လာမဲ့ အပတ် ၉ ရက်နေ့ သောကြာနေ့က ကောတို့ ချစ်သူ သက်တမ်း ၃နှစ်ပြည့်ပြီ။ အဲ့နေ့ ကော တို့ လက်ထပ်ချင်လို့၊ ဒီနေ့ ဝေ့ရင်း ကို လက်ထပ်ခွင့်တောင်းမှာမို့ ညီတို့က ကူညီပေးလို့ရမလား။

ကျန်းချန် - ဝေ့ကောကောကို လက်ထပ်ခွင့် တောင်းမယ်။

လန်ကျန့် - အင်း။ ညီတို့ သိတဲ့ အတိုင်း ကော က ရိုမဆန်တတ်ဘူးလေ။ အဲ့တာကြောင့် ညီတို့ကို အကူအညီတောင်းတာ။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now