🌳22🌳{ZU}

573 74 7
                                    

ရွက်ဝါတောထဲက ခုံတန်းလေးပေါ်မှာ ထိုင်နေတာ ကြာပြီ အခုထိ နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ကြ။ တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သူကတော့

ရှီးချန် - ချစ်မ၀လေး

ကျန်းချန် - တစ်ဆိတ် ကျွန်တော့်ကို အဲ့လို မခေါ်နဲ့။ ခင်ဗျား နဲ့ ကျွန်တော် ဘာမှ မသက်ဆိုင်တော့ဘူး ထင်တယ်။

ရှီးချန် - ဦး ကို စိတ်ဆိုးနေတုန်းလားဟင်။ ဦး ရှင်းပြမယ်လေ။

ကျန်းချန် - ကျွန်တော် စိတ်မဆိုးပါဘူး။ ခင်ဗျားနေရာ မှာ ကျွန်တော်ဆိုလည်း ဒီလိုဘဲ လုပ်မိမှာ။

ရှီးချန် - မဟုတ်သေးပါဘူး ချစ်မ၀လေးရာ။

ကျန်းချန် - ပြီးခဲ့တာတွေ ထားလိုက်တော့။ ကျွန်တော် ဒီမှာ ရှိတာ ဘယ်လိုသိတာလဲ။

ရှီးချန် - စုံစမ်းရင်း သိတာ။ ဦး လေ နေ့တိုင်း နေ့တိုင်း ချစ်မ၀လေးကို လွမ်းနေခဲ့တာ။ နေ့တိုင်း ချစ်မ၀လေး အကြောင်း လိုက်စုံစမ်းတယ်။ ဦး အလုပ်ကိစ္စနဲ့ ရောက်တဲ့ နိုင်ငံတိုင်းမှာ လည်း လိုက်ရှာတယ်။ အဲ့နေ့က ချစ်မ၀လေးကို ဦး မထားခဲ့သင့်ဘူး။

ကျန်းချန် - အဲ့နေ့က ဦး ကို ဘယ်အချိန်ထိ စောင့်နေလဲ သိလား။ ဆေးရုံတစ်ခုတည်းမှာ တောင် ဦး ကျွန်တော့်ကို လာမတွေ့ဘူး။

ရှီးချန် - ဦး ချစ်မ၀လေးဆီ လာခဲ့တယ်။ ဒါပေမယ့် ချစ်မလေးဆီ မရောက်ခင်မှာ ဦး ကားအက်ဆီးဒန့်ဖြစ်ပြီး ၃ရက်လောက် သတိပြန်မရခဲ့ဘူး။ ဦး သတိပြန်ရချိန်မှာ ချစ်မ၀လေးက ထွက်သွားခဲ့ပြီ။

ကျန်းချန် - ကား...ကားအက်ဆီးဒန့် ဖြစ်တယ်။

ရှီးချန် - အွန်း။ ဆေးကုသမှု ၁နှစ်လောက် ခံယူပြီးတဲ့နောက်မှာ ချစ်မ၀လေးကို ဦး ကိုယ်တိုင် လိုက်ရှာတယ်။ ပြီးတော့ ဦး ကို ဘာလို့ မပြောတာလဲ။

ကျန်းချန် - ဘာကိုလဲ။

ရှီးချန် - ဆေးစစ်တုန်းက သွေးကင်ဆာ Level 1 ဆိုတာ။ ဦး ကို ဘာလို့ ညာခဲ့တာလဲ။

ကျန်းချန် - ကျွန်တော့်ကြောင့် ဦး ပင်ပန်းမှာ စိုးလို့။

ရှီးချန် - ချစ်မ၀လေး နဲ့ ပတ်သက်ရင် ဦး မပင်ပန်းဘူး။ တစ်ခုဘဲ ချစ်မ၀လေး ဦး အနားမှာ မရှိတုန်းက ဦး အရမ်းပင်ပန်းခဲ့တာ။ ဒါကြောင့် ဦး ကို ထပ်မထားခဲ့နဲ့နော်။ ဦး လေ ချစ်မ၀လး ထွက်သွားပြီးကတည်းက ဖေးအာလေး နဲ့တောင် အဆက်အသွယ် မလုပ်ခဲ့ဘူး။ ဦး လုပ်ရပ်မှန်တယ်မလား။ ဦး ကလေ ချစ်မ၀လေး ညိုညင်မှာ အရမ်းကြောက်တယ်။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now