🌳25🌳😘Ending😘{ZU}

1.3K 105 34
                                    

ပင်လယ်ကမ်းခြေဒေသရဲ့ တစ်ခုတည်းသော ဘုရားကျောင်းထဲတွင် မည်သူတစ်ဦးတစ်ယောက် မှ မပါဘဲ ဖာသာရှေ့မှောက်မှာ ကတိသစ္စာတိုင်တည်ပြီး လက်ထပ်ခဲ့ကြသည်။

ထိုကမ်းခြေမှာဘဲ နေပြီး ကျွန်တော်က ကလေးငယ်တွေကို စာသင်ပေးသလို ချစ်မ၀လေးကလည်း ကလေးတွေကို ပန်းအလှဆင်နည်းတွေ၊ Hand made လုပ်နည်းတွေကို သင်ပေးသည်။ လိင်တူလက်ထပ်ထားတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ရှုတ်ချတဲ့သူ တစ်ယောက်တစ်လေတောင် မရှိ။

စာသင်နားတဲ့ ရက်တွေဆို ချစ်မ၀လေးက တစ်နေကုန် ကျွန်တော့်အနားကပ်ပြီး တအီအီနဲ့။ အခုဆို ကျွန်တော်တို့ လက်ထပ်ထားတာ ၂လတောင် ကျော်ပြီ။ ချစ်မ၀လေး ရဲ့ အခြေအနေကလည်း တဖြည်းဖြည်း နဲ့ ဆိုးဆိုးလာခဲ့ပြီ။ ခေါင်းမှာလည်း ဆံပင်အစား ဦးထုပ်ရောင်စုံလေးတွေက နေရာ ယူလာခဲ့ပြီ။

ဒီနေ့ တပည့်ဖြစ်သူက ဘုရားကျောင်းလေးမှာ မွေးနေ့ပွဲ ရှိတယ် ဆရာတို့ လည်း လာခဲ့ပါဆိုလို့ နှစ်ယောက်သား ပြင်ဆင်ပြီး မွေးနေ့ပွဲ ကို တတ်ရောက်ပေးခဲ့သည်။ မွေးနေ့ပွဲ ပြီးတော့ အားလုံးကို  နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့ကြသည်။

ဘုရားကျောင်းလေးမှ အိမ်သို့ ပြန်ရောက်ရောက်ခြင်း ချစ်မ၀လေး က ရေချိုးခန်းထဲ ပြေးဝင်သွားတော့ ကျွန်တော့်မှာ အနောက်ကနေ အမြန်လိုက်ရသေး။ ရေချိုးခန်းထဲ ရောက်တော့

အဟွတ်! အဟွတ်

ရှီးချန် - ချစ်မ၀လေး အဆင်ပြေရဲ့လား။

ကျန်းချန် - ပြေတယ် ဦး

လက်ဖဝါး နဲ့ ဘေစင်မှာ ပေကျံနေတဲ့ သွေးတွေကို ဆေးနေတဲ့ ချစ်မ၀လေး။ နောက်ကနေ သိုင်းဖက်လိုက်ပြီး

ရှီးချန် - ဦး အနားကနေ မြန်မြန် မထွက်သွားနဲ့နော်။

ကျန်းချန် - ဟုတ်ကဲ့။ ဦး ကျွန်တော်မောလို့ ခနနားအုံးမယ်။

ရှီးချန် - လမ်းမလျှောက်နဲ့တော့။ ဦး အိပ်ယာထဲထိ ချီသွားမယ်နော်။

ရင်ခွင်ထဲမှာ အသက်ကို မနည်းရှူနေရတဲ့ ချစ်မ၀လေး ကို ကြည့်ပြီး ကျွန်တော် မျက်ရည်မကျအောင် မနည်းထိန်းထားရသည်။ အိပ်ယာပေါ်ရောက်တော့ ချစ်မ၀လေးကို အသာအယာချပေးပြီး စောင်ခြုံပေးလိုက်သည်။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now