🌳21🌳{ZU}

554 68 3
                                    

- ဟင် သခင်လေး ၊ သခင်လေးရယ် ဘယ်တွေသွားနေတာလဲ ဟင်။ အားချန်...အားချန်လေး မှာ သခင်လေးကို စောင့်မျှော်နေရှာတာ သခင်လေးရဲ့။

ကျွန်တော် အိမ်ပြန်ရောက်တော့ မီးတွေ ထိန်ထိန်လင်းလို့နေသည်။ ချစ်မ၀လေးတို့ ပြန်ရောက်နေပြီပေါ့။ ကျွန်တော် အိမ်ထဲဝင်ဝင်ချင်း အားရီက အပြေးရောက်လာပြီး စကားတွေ တရစပ် ပြောတော့သည်။

ရှီးချန် - အားရီ ကျွန်တော် ကိစ္စလေး တစ်ခုရှိလို့ပါ။ ချစ်မ၀လေး ကျွန်တော့်ကို စိတ်ဆိုးနေတော့မှာ ကျွန်တော် ချစ်မ၀လေးကို သွားချော့လိုက်အုံးမယ်။

- သခင်လေး၊ အားချန်လေး ဆေးရုံတင်ထားရတယ်။

လှေကားပေါ် လှမ်းနေတဲ့ ကျွန်တော့်ခြေလှမ်းတွေရပ်တန့်သွား သလို လက်ထဲက မုန့်ထုပ်လေးလည်း ကြမ်းပြင်ပေါ်သို့

ရှီးချန် - အား...အားရီ  ဘာပြောလိုက်တယ်။

- အားချန်လေး က သခင်လေး ပြန်အလာကို ခန်းမထဲမှာ စောင့်မျှော်နေရှာတာ။ အားချန်လေး ရဲ့ သူငယ်ချင်းက ပြန်ဖို့ အတင်းတိုက်တွန်းတော့မှ အသက်မရှိတော့တဲ့ လူလို အားချန်လေးက ဖြစ်သွားတယ်။ နောက်ဆုံး နှာခေါင်းသွေးတွေ မတရားယိုလာပြီး အားချန်လေး သတိလစ်သွားလို့ ဆေးရုံတင်လိုက်တယ် သခင်လေး။

ရှီးချန် - ဘယ် ..ဘယ်ဆေးရုံမှာလဲ။

-****ဆေးရုံမှာ

အခုလေးတင် ဆေးရုံက ပြန်လာတဲ့ ကျွန်တော် အခုချက်ချင်း ဆေးရုံကို ပြန်ပြေးရပြီ။ ကားကို မိုင်ကုန်တင်ပြီး ဆေးရုံကို အမြန်မောင်းရသည်။ ကားမောင်းနေတဲ့ တလျှောက် ၀မ်းနင်ဆီ ဖုန်းခေါ်နေပေမယ့် ၀မ်းနင် က ဖုန်းမကိုင်၊

ရှီးချန် - ဖုန်းကိုင်စမ်းပါ ၀မ်းနင် ရာ။

မကိုင်တဲ့ အဆုံး ၀မ့်ကျီး ဆီ ခေါ်ဖို့ Contact ထဲမှာ ၀မ့်ကျီး အမည်ကို ရှာနေတုန်း မျက်နှာပေါ် ကျရောက်လာတဲ့ ကားမီးကြောင့် အရှေ့ကို ပြန်မော့ကြည့်လိုက်တော့ ကုန်တင်ကား တစ်စီး!

တီ!! တီ ကျွီ!! ဒုန်း!!!

မျက်နှာချင်းဆိုင် တိုက်မိတဲ့အပြင် ရှီးချန် မောင်းလာတဲ့ ကားက အရှိန် အရမ်းများနေတာကြောင့် ၂ပတ် ၃ပတ် လှိမ့်ပြီး လွှင့်ထွက်သွားသည်။ ကုတင်ကားမှာလည်း ရှေ့ပိုင်း တော်တော်ပျက်ဆီး သွားတဲ့ အပြင် ယာဉ်မောင်းမှာ ပွဲချင်းဆုံးသွားသည်။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now