🌳6🌳{ZU}

435 61 10
                                    

ကျန်းချန် - ဝေး နောက်ဆုံးတော့ exam ပြီးပြီကွ

ဝမ်းနင် - ကျူတိုရီရယ် လေး ပြီးတာကိုများ Final exam ပြီး တဲ့ အတိုင်းဘဲ။

ကျန်းချန် - ဘာဘဲ ပြီးပြီပေါ့။ ပခုံးပေါ်က ၀န်ထုတ်ကြီး လျော့သွားတာ နည်းလား။

ဝမ်းနင် - အေးပါကွာ။ မင်းနဲ့ ဖက်ပြိုင်ပြီး မပြောတော့ဘူး။ ဒါနဲ့ နောက်အပတ် ငါ China ပြန်ပြီး ငါ့အစ်မ မင်္ဂလာဆောင် တတ်ရမှာ။ လိုက်မလား။

ကျန်းချန် - လိုက်မှာပေါ့။ မလိုက်ရင် ကျဲဝမ်ချင် က ငါ့ကို ထုထောင်းနေလိမ့်မယ်။

ဝမ်းနင် - အေး ငါတို့ Cafe Diamond သွားရအောင်။

ကျန်းချန်  - Moonlight ကိုဘဲ သွားရအောင်။

ဝမ်းနင် - Cafe Diamond

ကျန်းချန် - Moonlight ...Moonlight ငါ မွန်းလိုက် ဆို မွန်းလိုက် ဘဲ။

ကော်ဖီဆိုင် တစ်ခါထိုင်ဖို့အရေး ငြင်းခုံနေကြတာ ကြည့်မကောင်းလှတာ။ နောက်ဆုံးတော့ ၀မ်းနင် ဘဲ အလျော့ပေးရတော့တာ

ဝမ်းနင် - အေး Moonlight ကိုဘဲ သွားမယ်။

ကျန်းချန် - ဒါမှ ငါ့သူငယ်ချင်းကွ။ လာ သွားရအောင်

ပခုံးကို လာဖက်ပြီး ရယ်ပြနေတဲ့ သူငယ်ချင်းဖြစ်သူကို စိတ်ရှိလက်ရှိ ထုထောင်းပစ်ချင်လိုက်တာ။

နှစ်ယောက်သား Moonlight cafe ကို ရောက်တော့

ကျန်းချန် - စတော်ဘယ်ရီကိတ် ရယ် ချောကလက်ကိတ် ရယ် ကာပူချီနို နှစ်ခွက်ရယ် ပေးပါ။

-စုစုပေါင်း ***၀မ် ကျပါတယ်။

ဝမ်းနင် - Card နဲ့ ရှင်းမယ်။

တီ!

- ကျေးဇူးပါရှင့် ။ခနလေး စောင့်ပေးပါနော် 

ကျန်းချန် - ၀မ်းနင် ငါ ခုံ သွားဦးမယ်။ မင်း စားစရာတွေ ယူပြီး လာခဲ့တော့နော်။

ဝမ်းနင် - အေး

ကျွန်တော် ထိုင်ဖို့နေရာ လိုက်ရှာရင်း တစ်ဖက်ဝိုင်းမှာ ထိုင်နေတဲ့ ဦး ကို လှမ်းတွေ့ လိုက်သည်။ သို့သော် ဦး တစ်ယောက်တည်း မဟုတ်။ ဦး ဘေးမှာ ဦး အရွယ်လောက် ရှိမဲ့ လူကြီး ၃ ၄ ယောက်ကပါ ထိုင်နေပြီး ရှေ့မှာလည်း စာရွက်စာတမ်းတွေနဲ့။ ဦး တို့ အလုပ်ကိစ္စဆွေးနွေး နေကြတာ ထင်တယ်။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now