🌳16🌳{ZU}

408 56 13
                                    

အခုဆို စာမေးပွဲဖြေနေတာ နောက်ဆုံးရက်ကို ရောက်ပြီ။ ကျွန်တော် ရင်တွေ အရမ်းခုန်နေပြီ။ ဒီနေ့ည ကျွန်တော် ကလေးကို လက်ထပ်ခွင့်တောင်းမယ်။ ပြီးရင် China ပြန်ပြီး ကလေး ကို သူမိဘတွေနဲ့ အဆင်ပြေအောင် ပြန်လုပ်ပေးမယ်။ ညတိုင်း မိဘတွေကို လွမ်းလို့ ငိုနေတာ ကို ကျွန်တော်သိတာပေါ့။ ကျွန်တော်လည်း အင်း ၀မ့်ကျီး ကို လွမ်းတာပေါ့။ ဦးလေး ရဲ့ အမိန့်တွေကြောင့် ၀မ့်ကျီး နဲ့ မတွေ့ရဘူး။ အော် တစ်ခု ရှိသေးတယ် ဒါကတော့ ကျွန်တော့် ချစ်မ၀လေး မသိအောင် သမီးလေး နဲ့ ခိုးပြီး ဖုန်းပြောရသေး။ တစ်နေ့နေ့ တော့ ချစ်မ၀လေးကို ထိုအပြစ်အတွက် ၀န်ခံရအုံးမည်။

ကျန်းချန် - ဦး ရေ ကျွန်တော် သွားပြီနော်။

ရှီးချန် - ကောင်းပါပြီ ဦးရဲ့ ချစ်မ၀လေး အခက်အခဲမရှိ လျှောလျှောချူချူ ဖြေဆိုနိုင်ပါစေ။

ကျန်းချန် - ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။

ရှီးချန် - အော် ကလေး ဆေးရုံဝင်ပြီး ဆေးစစ်ချက် အဖြေ၀င် ယူခဲ့အုံးနော်။

ကျန်းချန် - ဟုတ် ဦး။ သွားပြီ Bye

ဦး ပါးပြင်ကို အနမ်းတစ်ပွင့်ခြွေချလိုက်ပြီး အခန်းအပြင်ဘက် ထွက်လာခဲ့သည်။ အခန်းအပြင်ဘက်ရောက်တော့ ၀မ်းနင် က နှာခေါင်းရှုံ့ပြလေရဲ့။ ဒီကောင်ကလေ သူ့မှာပါ ချစ်သူရှိနေတာကို အားနေ ကျွန်တော့်ကိုဘဲ မနာလို ဖြစ်နေတာ။

ကျန်းချန် - ၀မ်းနင် Exam ပြီးရင် ဆေးရုံ လိုက်ခဲ့အုံးနော်။ ငါ ဆေးစစ်ချက်အဖြေ ၀င်ယူမှာမို့။

ဝမ်းနင် - အင်း ပြီးရင်တော့ လျှောက်လည်မယ်နော်။

ကျန်းချန် - ညနေ ၆ နာရီ အိမ်အရောက်ပြန်ရမှာနော်။

ဝမ်းနင် - ငါ သိပါတယ်။ ကျန်းချန် Fighting

ကျန်းချန် - မင်းလည်း Fighting

လျှပ်စစ်ခေါင်းလောင်းလေးမှ အသံမြည်လာသောအခါ ကိုယ်ဆီ စာမေးပွဲ ဖြေမဲ့ အခန်းထဲ ၀င်လာကြသည်။ ၃ နာရီ မေးခွန်း ဆိုပေမယ့် တစ်ချို့တွေက ၂နာရီ လောက်ဘဲ နေပြီး စာရွက်တွေ အပ်ပြီး ထွက်သွာစကြသည်။ အခန်းထဲ ကျန်ခဲ့တဲ့ လူဆိုလို့ ၅ ယောက် ၆ယောက်လားဘဲ ရှိမည်။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Where stories live. Discover now