🌳20🌳{ZU}

525 73 13
                                    

မင် - ရှီးချန် မင်း ခန့်လိုက်ချည်းလား။ အသက် ၃၅ နှစ်ဆိုတာ ပြောရင် ယုံမှာ မဟုတ်ဘူး။

ရှီးချန် - မြှောက်နေပြန်ပြီ။ ညကျမှ တစ်ဝိုင်းကျွေးမယ်။

လန်ကျန့် - ကိုကို

ရှီးချန် - ၀မ့်ကျီး! ၀မ့်ကျီး လာတယ်ပေါ့။

လန်ကျန့် - ၀မ့်ကျီး , ရဲ့ တစ်ဦးတည်းသော အစ်ကိုရဲ့ မင်္ဂလာပွဲ ကို လာရမှာပေါ့။

ရှီးချန် - အားရှန့် ရော ပါလား။

လန်ကျန့် - ပါတယ် ။ ကားထဲမှာ နေခဲ့တယ်။ ဒါက ဝေ့ရင်း ပေးလိုက်တဲ့ လက်ဖွဲ့လေး။

ရှီးချန် - ကျေးဇူးပါ ၀မ့်ကျီး။ အားရှန့် ကိုလည်း ပြောလိုက်ပါအုံး ကျေးဇူးပါလို့။

လန်ကျန့် မချိပြုံးလေး ပြုံးလိုက်သည်။ ဝေ့ရင်း က မှာလိုက်တယ် သူပေးတာလို့ မပြောဖို့။ တောင်းပန်ပါတယ် ဝေ့ရင်း။ ကိုယ့်စိတ်က ထိန်းချုပ်ပေမယ့် နှုတ်က မထိန်းချုပ်လိုက်နိုင်ဘူး။

ရှီးချန် - ၀မ့်ကျီး ကြိုက်တဲ့နေရာထိုင်။ ကိုကို စိတ်လှုပ်ရှားနေလို့ သန့်စင်ခန်း ခန သွားလိုက်အုံးမယ်။

လန်ကျန့် - ဟုတ် ကိုကို။ မင်ဂျွယ် ကော ပွဲမစခင် အလုပ်ကိစ္စလေး ဆွေးနွေးလို့ရမလား။

မင် - ရတယ် ညီ။ လာ ကော တို့ ထိုင်ပြီး ပြောရအောင်။

အလုပ်သရဲ ၂ယောက်ကို ဘာမှ မပြောချင်တော့ဘူး။ သူများ မင်္ဂလာဆောင်ထိ လာပြီး အလုပ်ကိစ္စ ဆွေးနွေးတာတော့ မဟုတ်သေးဘူး။ ထားလိုက်ပါ ကိုယ့် ကိစ္စမဟုတ်ဘူး။

သန့်စင်ခန်းထဲရောက်တော့ အသက်ကို ၀၀ရှူလိုက် ပြန်ထုတ် လိုက်နဲ့။ အကြိမ်ကြိမ် ထိုသို့ လုပ်နေပေမယ့် စိတ်လှုပ်ရှားတာ မပျောက်ဘဲ ပိုဆိုးလာသလို။

ရှီးချန် - မင်္ဂလာလေး တစ်ခါဆောင်ရတာ ဒီလောက် စိတ်လှုပ်ရှားရသလား။ ဟူး

📲📲📲📲

ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းလာလို့ ထုတ်ကြည့်လိုက်တော့ ရီဖေး တဲ့။ ဟုတ်သားဘဲ ရီဖေး ကို ဒီနေ့ မင်္ဂလာပွဲနေ့ဆိုတာ မပြောထားရဘူး။ ဟိုရက်က သမီးလေး နဲ့ ချည်းဘဲ အချိန်ကုန်သွားတာရယ်၊ နောက်နေ့ ချစ်မ၀လေး ဖျားနေတာရယ်ကြောင့် ထပ်မတွေ့ဖြစ်လိုက်ဘူး။

ချစ်ဦးပုံပြင် / ချစ်ဦးပုံပြင် {Zawgyi & Uni} (Season 1) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin