အပိုင်း ၁

51.5K 2.2K 88
                                    

Unicode
"ဒီကိစ္စကို မိဘခေါ်မယ် မခေါ်ရင်
မကျေအေးပေးနိုင်ဘူး''

"စိတ်လျော့ပါ ဒီက ကျောင်းသားမိဘရယ်''

"စိတ်မလျော့နိုင်ဘူး မိမဆုံးမ ဖမဆုံးမသားက ကျွန်မသားကို လာထိတာ
စိတ်မလျော့နိုင်ဘူး''

"ဘွားတော်ကြီး လွန်လာပြီနော် ကျုပ်မိဘတွေကို ခင်များထည့်ပြောစရာမလိုဘူး''

"ဘာလဲ အနာပေါ်တုတ်ကျတော့ နာတယ်ပေါ့''

"ခင်များ!''

ကျောင်းသားမိဘနဲ့လူဆိုးလေး ရန်ထဖြစ်မည်ကိုကြိုသိသောကြောင့် ကျောင်းအုပ်ကြီးမှာလည်း မနေရ။

"ဟေ့ကောင်တွေ ဆွဲကြစမ်း''

ဘေးနားက လူတစ်ချို့ဝိုင်းဆွဲမှသာ နို့မိုဆိုရင်ကျောင်းသားမိဘကလည်းလက်ရဲဇတ်ရဲ ကျောင်းရဲ့လူဆိုး ဂုဏ်ပုဒ်ကို ရရှိထားတဲ့ လူဆိုးလေးလည်း ပါးစပ်ထက်
လက်က ပိုမြန်တော့ အကုန်လုံး ခြေလွန်လက်လွန်ဖြစ်သွားကြမည်။

"မိဘခေါ်ထိလား မခေါ်ထိဘူးလား ဆိုတာ အဲ့ဘွားတော်ကြီးကို ကျောင်းအုပ်ကြီးပဲ ရှင်းပြလိုက်ပါ ကျွန်တော်သွားပြီ''

"ဒီကဘွားတော်-အဲ ဒီကအမျိုးသမီး သူက ဒီကျောင်းကိုပိုင်တဲ့သူရဲ့သား တစ်နည်းအားဖြင့် ဒီကျောင်းက သူ့အဖေကျောင်းပေါ့ကွယ် အဲ့ဒါကြောင့်မို့ သူ့အဖေပြီးရင် ဒီကျောင်းမှာ သူကအာဏာအရှိဆုံး''

"ကျွန်မသားကရော ဘယ်လိုလုပ်မှာလဲ''

"ဆေးဖိုးဝါးခတွေ လွှဲပေးလိုက်ပါပြီ ကြည့်ကြည့်ပါ အဲ့ပိုက်ဆံနဲ့ မကျေအေးပေးနိုင်ရင်လည်း...''

ဒီကဘွားတော်သေလို့ရပြီ ဟုသာကျောင်းအုပ်ကြီး စိတ်ထဲကပြောမိသည်။

"ဒီတစ်ခါတော့ ကျေအေးပေးလိုက်မယ် နောက်တစ်ခါ ကျွန်မသားကိုထိလို့ကတော့ ကျွန်မအဆိုးမဆိုနဲ့ ''

"ကောင်းကောင်းသွားပါ ''

အနုနည်းနဲ့ နှင်နေသော ကျောင်းအုပ်ကြီး။

"သွားမယ် သွားမယ် ဒီမှာလည်း မနေချင်
ပါဘူး ''

ပြောရင်းဆိုရင်း ဖင်ခါ၍ထွက်သွားသော ကျောင်းသားမိဘ (ခေါ်) ဘွားတော်။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now