💛Ch1💛Uni

2K 80 2
                                    

တီ..တီ..တီ...(  alarm မြည်သံ )
Gunတစ်ယောက် အိပ်လို့ကောင်းနေတုန်း အလိုက်ကန်းဆိုး မသိတဲ့ Alarmက ထမြည်တဲ့အတွက် ဒေါသထွက်ပြီး ကုတင်ပေါ်ငုတ်တုတ် ထထိုင်လိုက်သည်။ ပြီးတော့မှ ဒီနေ့ကျောင်းစတက်ရမယ့် နေ့မှန်း သတိရသွားသည်။ ဆယ်တန်းအောင်ပြီး၍ သူ့ရဲ့အစ်ကို Tay တက်သည့် TU မှာသာ အတူတူလိုက်တက်သည်။

Tayလည်း ဒီနေ့ ညီလေးအား ကျောင်းကို သူနဲ့အတူခေါ်သွားမှာကြောင့် အိပ်ယာမထသေးမှာစိုးပြီး နှိုးရန် Gun အခန်းထဲဝင်လာခဲ့သည်။

Tay- အံမယ် စောစောစီးစီးတွေ နိုးလို့ပါလားကွ ဘာလဲ ကျောင်းပထမဆုံးတက်ရမယ့်နေ့မို့ ရင်ခုန်နေတာလား ဟားဟား

Gun- ကိုTayရာ သားကအမြဲတမ်း စောကြီးထပါတယ်😁

Tay- အေးပါကွာ ဟုတ်ပါပြီ နိုးပြီဆိုတော့လည်း ကျောင်းသွားဖို့ပြင်ဆင်တော့ ဒီနေ့တော့ အကိုနဲ့လိုက်ခဲ့ နောက်ရက်မှ ကိုယ့်ဘာသာ သွားချင်သပ့ဆိုသွား ဟုတ်ပြီလား

Gun- ဟုတ် ကိုTay ဒါဆို သားရေချိုးတော့မယ်နော်

Tay- အေးအေး အကြာကြီးလုပ်မနေနဲ့နော် Gun

Gun- ဟုတ်ကဲ့ပါဗျာ

အိမ်မှာ အငယ်ဆုံးလေးဖြစ်ပြီး ချွဲတတ်လွန်းလို့ တစ်အိမ်လုံးက သဲသဲလှုပ်ချစ်ကြသည့် ကလေးပင်။

*
*
*
*
*
*
ကျောင်းဝင်းထဲရောက်တော့

Tay- အကို gunလေး အခန်းရှေ့ထိလိုက်ပို့ပေးမယ်

Gun- ဟုတ်ကို Tay

ညီအစ်ကိုနှစ်ယောက် ကားပေါ်ကဆင်းပြီး Gunရဲ့ စာသင်ခန်းဆီ လျှောက်လာရင်း လမ်းမှာ တစုံတယောက်ကလှမ်းအော်လိုက်သည်။

"""ဟေ့ကောင် Tay နေဦးကွ """

""အမလေး မောတာကွာ မင်းကလည်း ခေါ်လိုက်ရတာကို""

""Offရာ မင်းအဲ့လောက် အာဗြဲနဲ့အော်နေတာ ငါကြားတယ် """

""ကြားရင်လည်း ရပ်စောင့်မှပေါ့ကွာ""

""ဒီမှာ ငါက ငါ့ညီလေး ကို သူ့စာသင်ခန်းလိုက်ပို့မလို့""

""အော် ဒါ မနှစ်က ဆယ်တန်းအောင်တဲ့ မင်းညီလေးလား""

တိတ်တခိုးလေးသာ💛(Uni+Zaw)Onde as histórias ganham vida. Descobre agora