💛Ch13💛Zaw

265 15 0
                                    

မုန့်ဆိုင်မှာ ထိုင်နေတဲ့ နှစ်ယောက်ကတော့ ........

""ညီ စားချင်တာမှာလေ အကိုမှာပေးရင် ညီမကြိုက်မှာစိုးလို့""

""ဟုတ်ကဲ့ ""ဆိုပြီး Newလည်း ကြေးအိုးချဉ်စပ်တစ်ပွဲနဲ့ Bubble teaတစ်ခွက်မှာစားလိုက်သည်။

Tayကတော့ ကော်ဖီတစ်ခွက်သာမှာလိုက်သည်။

""အကိုက ဘာမှမစားတော့ဘူးလား ကော်ဖီတစ်ခွက်တည်း""

""အင်း အကို မနက်က အိမ်က ထမင်းစားလာသေးလို့""

""ဟမ် အဲ့တာဆို ဘာလုပ်ဖို့ မုန့်စားချိန်းနေသေးလဲ အကိုကလဲ""

""ကိုက မင်းကိုတွေ့ချင်နေလို့ပေါ့ကွာ""
Tayလည်း Newက ဘာလို့တွေ့ချင်တာလဲ မေးရင် ဖွင့်ပြောလိုက်တော့မယ်ဆိုပြီး အကြံနဲ့ ထိုသို့ပြောလိုက်သည်။

Newလည်း ပြန်ပြောမယ်အလုပ်
စားပွဲထိုးကောင်လေးက ရောက်လာပြီး

""အကိုတို့မှာထားတာရပါပြီဗျ""ဆိုပြီး
မှာထားတာတွေချသွားတော့သည်။

အဲ့တာနဲ့ Newလည်း ဘာမှပြောမနေတော့ပဲ ​မှာထားသော ကြေးအိုးကိုသာ ငုံ့စားနေလိုက်သည်။

Tayလည်း ဘယ်ကဘလို ပြောရတော့မှန်းမသိတာနဲ့

""ကိုယ် ညီ့ကိုချစ်တယ်""

ဘာစကားမှမခံပဲ တိုက်ရိုက်ပြောချလိုက်တော့သည် ။ အဲ့တော့ Newလည်း ကြေးအိုးစားနေရာမှ မော့ကြည့်ပြီး

""ဟမ် ကျွန်တော့်ကို ပြောနေတာလား""

""အာ ညီရာ ဒီမှာ ထိုင်နေတာ အကိုနဲ့မင်းနဲ့ နှစ်ယောက်တည်းရှိတာလေကွာ""

""မသိဘူးလေဗျာ ရုတ်တရက်ကြီး ထပြောတာကို ""

"" ကိုလည်း တခါမှ ရည်းစားစကားမပြောဖူးတော့ ဘလိုပြောရမှန်းမသိလို့ ဒီတိုင်း ပြောလိုက်တာ""

""ဟားဟား အကိုက တကယ်ချိန်ပါကြီးဖြစ်ခဲ့တာပေါ့""

""ဟမ် ညီ့ကို ဘယ်သူပြောတာလဲ""

""Gunပြောတာပေါ့""

""ဒီကောင်တော့လား အိမ်ရောက်မှ တွေ့မယ်""

""ရှက်ရမ်းရမ်းပြီး လျှောက်မဲမနေပါနဲ့ အကိုရယ် ဟား...ဟား""

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now