💛Ch2💛Uni

659 62 8
                                    

ညနေကျောင်းဆင်းချိန်ရောက်တော့ Tayတို့က နှစ်ကြီးသမားတွေ ဖြစ်၍ ကျောင်းဖွင့်စနေ့ဆိုတော့ စာသိပ်မသင်ပဲ စောဆင်းပေးလိုက်သည်။

Arm- အဟေး ဒီနေ့ ဒီလို စောဆင်းမယ်ဆိုတာ ငါထင်သားပဲ

Tay- အေးလေ ဘယ်တုန်းက ဖွင့်ဖွင့်ချင်းနေ့ကို စာကောင်းကောင်း သင်လို့လဲ

Off- အေး ဒါနဲ့ Tay အပြန်ကျ မင်းညီလေး က မင်းနဲ့ပြန်မှာလား

Tay- အေး ဟုတ်တယ် ပထမဆုံးရက်ဆိုတော့ ငါနဲ့ကပ်လိုက်လာတာ နောက်ရက်မှ သူ့ကားနဲ့သူလာမယ်တဲ့

Off- ဒါဆို မင်းစောင့်ရဦးမှာပေါ့ကွ ပထမနှစ်လေးတွေကို စောစောဆင်းမပေးလောက်ဘူး

Tay- အေးပေါ့ကွာ စောင့်ရမှာပါ့ Canteen မှာပဲ ထိုင်စောင့်လိုက်မယ် ငါသူ့ကို စာပို့ထားပြီးပြီ

Off- ဒါဆို ငါလည်း မင်းနဲ့ကူစောင့်ပေးမယ်လေကွာ

Arm- မင်းနဲ့ ဘာဆိုင်လို့လဲOff မင်းရဲ့ Farsai ကို ပြန်ပို့ပေးရဦးမှာမလား

Off- ထားလိုက်စမ်းပါကွာ တစ်ရက်တစ်လေ သူ့ဘာသူပြန်ပါစေ

Arm- သူတောင်းစား ငါ Farsai ကို မင်းလက်ထဲထည့်ပေးခဲ့တာ အဲ့လို ပစ်ထားဖို့မဟုတ်ဘူးကွ

Tay- ခွေးကောင် လျှောက်ပြောမနေနဲ့ မင်းကOffလက်ထဲထည့်တာလား Farsaiကိုက Offမှ Off ဖြစ်နေလို့ Offက သနားပြီး ပြန်တွဲပေးလိုက်တာလားစဥ်းစား

Arm- ဒါတော့ ဒါပေါ့ကွာ ဘလိုဆိုဆိုကွာ တွဲလာတာ First yearကတည်းကဆိုတော့ မင်းချစ်တော့ ချစ်ပြီမလားOff

Off- တွဲတာကြာလာတော့ သံယောဇဥ်တော့ရှိတာပေါ့ကွာ မင်းတို့သိတဲ့အတိုင်းပဲ Farsai ကငါ့ကို အရာရာ နားလည်ပေးပြီး အရမ်းချစ်နေတာကွ
ငါ့ဘက်ကတော့ ချစ်လား မချစ်လား ငါလည်း မသေချာဘူး

Tay- မင်း မချစ်လို့လည်း မရတော့ဘူးOff တွဲလာတာကြာနေပြီ ဖြတ်ချင်ရင်တောင် ဘာအကြောင်းပြချက်နဲ့ ဖြတ်မှာလဲ

Arm- အမှန်ဆို Farsaiက ငါ့ကို ရွေးခဲ့ရမှာကွာ ဒီကောင် Offကို ဘာကြည့်ပြီး သဲသဲလှုပ်သွားတာလဲ

Off- ဒါတော့ မင်းတို့ကိုကြီးရဲ့ ရုပ်ရည်က ချောမောလွန်းနေတယ်လေကွာ ဟားဟား

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now