💛CH10💛Uni

485 43 2
                                    

Newလည်း Tay သူ့ကို ကြိုက်နေတာလားဆိုပြီး တွေးမိခဲ့တာ ဒီနေ့မနက်မှ အမှန်တကယ်မှန်း သိခဲ့ရသည်။ ဟုတ်တယ်လေ Mintကို ကျွန်တော့် ကောင်မလေး ထင်ပြီး စကားမပြောနိုင်မဆိုနိုင် ငုတ်တုတ်ကြီး ထိုင်နေတာ။ ကျွန်တော့ ငယ်သူငယ်ချင်း ဆိုတော့မှ မျက်နှာကြီး ပြုံးဖြီးလာကာ လူကို တစ်ချိန်လုံး ထိုင်ကြည့်နေတော့သည်။ အအေးတောင် ဖြောင့်ဖြောင့် မသောက်ခဲ့ရဘူး ဟူး ။

At 7pm.....Ring Ring,,,,,

Newလည်း ဒီအချိန်ကြီး ဘယ်က ဖုန်းလာတာလဲ ဆိုပြီး ဖုန်းကိုကြည့်လိုက်တော့ Unknown number တဲ့

""Hello""

""Hello အကိုပါ New""

""အမ် ဘသူလဲ""

""ဟာ အကိုပါဆိုကွာ မမှတ်မိဘူးလား""

""ဟင် ဘယ်က အကိုလဲ"" အမှန်တကယ်တော့ Tay အသံကို Newမှတ်မိပါသည်။ သက်သက်မဲ့ မမှတ်မိချင်ယောင်ဆောင်နေခြင်းသာ။

""မင်း သူငယ်ချင်းGunရဲ့ အကို Tay ဟုတ်ပြီလား သိပြီလား""
Tayလည်း သူ့အသံကို Newက မမှတ်မိတဲ့ အတွက် စိတ်မကောင်းလည်းဖြစ် ဒေါသလည်း ထွက်တော့ အော်လိုက်မိသည်။

""ဟာ အကိုရာ ဘာလို့ အဲ့လောက်အော်ရတာလဲ ကျွန်တော်ကြားပါတယ်ဗျ""သူ့ကို မမှတ်မိချင်ယောင်ဆောင်တာကို တကယ်မမှတ်မိဘူးဆိုပြီး ဒေါသထွက်သွားပုံပင်။

""sorry ညီ အကို နဲနဲစိတ်တိုသွားလို့""

""ဟုတ်ကဲ့ပါ ဒါနဲ့ ဘာပြောစရာရှိလို့လဲဟင်""

ဟင်း အစကတော့ Feelအပြည့်နဲ့ ဖုန်းပြောမလို့ကို အခုတော့ သူက ကိုယ့်အသံကို မမှတ်မိတာနဲ့ ဒေါသထွက်လိုက်တာ ဘာစကားပြောရမန်းတောင် မသိတော့ဘူး တကယ်ပါပဲ
""""အင်း မနက်ဖြန် ကျောင်းပိတ်တာ အဲ့တာ အားလားလို့"""

""ဟုတ် အားပါတယ် ဘာလို့လဲ""

""အကို ညီ့ကို မုန့်လိုက်ကျွေးချင်လို့ စားမယ်မလားဟင်""

""ဟင် ဘာလို့ကျွေးမှာလဲ""

""ဟာ ညီကလည်း ကျွေးချင်လို့ပါဆို အကြောင်းပြချက် ပေးရဦးမှာလား ညီရယ် လုပ်ပါနော် လိုက်စားပါ""

"" ဟုတ် အဲ့တာဆို စားမယ်လေ gunရောမလား ""

""အင်း အင်း ဟုတ်တယ်"" gun မပါရင် မလိုက်မဲ့ကိန်းဆိုက်နေသောကြောင့် ပြီးပြီးရော ပြောလိုက်ရသည်။ ဒီက သူနဲ့နှစ်ယောက်တည်း တွေ့ချင်လို့ပါဆို။

တိတ်တခိုးလေးသာ💛(Uni+Zaw)Donde viven las historias. Descúbrelo ahora