💛CH15💛Uni

486 42 0
                                    

Ring..Ring....

Gunလည်း ကျောင်းကပြန်ရောက်တာနဲ့ ရေချိုးပြီးတော့ ရေချိုးခန်းထဲမှအထွက် ဖုန်းမြည်သံကြားတာနဲ့ ကြည့်လိုက်တော့ Papi တဲ့

""ဟလို Papi ပြော""

""ကလေးရယ် ဘာလို့ဖုန်းကို ချက်ချင်းမကိုင်ရတာလဲ ကိုစိတ်ပူသွားတာ သိလား""

""Papiကလည်းလေ ကလေးက အခုမှ ရေချိုးပြီးလို့ပါ""

""ဟာ ဟုတ်လား ဒါဆို ကလေးအအေးပတ်နေလိမ့်မယ် အင်္ကျီအရင်ဝတ်လိုက်ဦးနော် ပြီးမှ ကိုဖုန်းပြန်ခေါ်လိုက်မယ်""

""ဟုတ်ဟုတ် ဒါဆို ဖုန်းချပြီနော် ""

""တော်ပြီ ကလေး ဖုန်းမချတော့နဲ့ ဖုန်းကို ဒီတိုင်း ကုတင်ပေါ်မှာပဲ ထားခဲ့လိုက် ကလေး အဝတ်ဝတ်ပြီးမှ ပြောမယ်""

""Papiတို့ကတော့ အမျိုးမျိုးပဲ ဟုတ်ကဲ့ပါဗျာ""

""ဟီးဟီး ကို့ကလေးက လိမ္မာလိုက်တာ ဒါကြောင့် ကိုက တစ်ရက်ပြီးတစ်ရက် ပိုပိုပြီးချစ်နေရတာ""

Gunလည်း အင်္ကျီအမြန်ဝတ်လိုက်ပြီးတော့ ဖုန်းကို ပြန်ကိုင်ကာ..

""ဒါဆို မလိမ္မာရင် Papi က
မချစ်တော့ဘူးပေါ့""

""ကလေး ဘလိုနေနေ ကိုက ကလေးမို့လို့ကို ချစ်တာပါဗျာ""

""ဟီး ဟုတ် ဒါနဲ့ ဖုန်းဆက်တာ ဘာလို့လဲ Papi """

""ဪ မနက်ဖြန်ကျ ကိုတို့ Date လုပ်ရအောင်လေ""

""အမ် မနက်ဖြန် ကျောင်းဖွင့်တယ်လေ Papiရဲ့""

""သိတယ်လေ ကျောင်းကနေပဲ သွားမယ် အတန်းလစ်ပြီးတော့ Tutoတွေ မရှိဘူးမလား""

""အင်း Tuto တွေတော့မရှိပါဘူး ဒါနဲ့ကိုTayသိသွားရင်ရော ဘလိုလုပ်မလဲ""

""စိတ်မပူပါနဲ့ ကလေးရာ သိသွားတော့လည်းကောင်းတာပေါ့ ပြောပြစရာမလိုတော့ဘူးလေ""

""ကိုTayသိဖို့ စောလွန်းသေးတယ် ထင်လို့ပါ""

""အင်းပါ ကလေးရယ် တွေးပူမနေနဲ့
ဒါဆို မနက်ဖြန် ကိုနဲ့သွားမယ်မလား""

""ဟုတ် သွားမယ်လေ""

""ဟုတ်ပြီ ကလေး ညနေစာမစားရသေးဘူးမလား သွားစားတော့လေ ကိုလည်း ရေချိုးတော့မယ်""

တိတ်တခိုးလေးသာ💛(Uni+Zaw)Waar verhalen tot leven komen. Ontdek het nu