💛CH14💛Uni

471 39 4
                                    

Offလည်း အရှေ့ကနေပြေးထွက်သွားသော Gunနောက် အမြန်လိုက်လာခဲ့သည်။ မှီလာတော့မှ gunရဲ့ လက်ကို ပြေးဆွဲလိုက်ပြီး

'""ကလေး နေပါဦးကွာ ကိုရှင်းပြမယ်""

""ကျွန်တော့်လက်ကိုလွှတ် ခင်ဗျားကျွန်တော့ အသားကိုလာမထိနဲ့"" ဆိုပြီး Offရဲ့လက်တွေကို ရမ်းကာဖယ်ပစ်သည်။

OFFလည်း လွှတ်မပေး သူရှင်းမပြလိုက်ရလို့ ကလေး ဆက်ပြီး အထင်လွဲသွားရင် ကလေးက သူ့ကို မုန်းသွားမှာ
အဲ့လိုအဖြစ်မခံနိုင်။

""ဒီမှာကလေး ကိုရှင်းပြတာကို ခဏလေးနားထောင်ပေး ပြီးမ ကလေး ကို့ကို ကြိုက်သလိုလုပ် ဟုတ်ပြီလား""

""တော်ပြီ သွား ဘာမှလာရှင်းပြမနေနဲ့ ဘာလဲ ခင်ဗျားကို ကျွန်တော် ချစ်မိပြီဆိုမှ ဒီလိုလုပ်တာဘာသဘောလဲ ""

""ဟမ် ကလေး ဘာ ဘာပြောလိုက်တယ် ကလေးက ကို့ကို ချစ်တယ်ဟုတ်လား""

""ဟုတ်တယ် ချစ်ခဲ့တယ် ခု မချစ်တော့ဘူး ခင်ဗျားလို မိန်းကလေးတွေနဲ့
မကင်းရှင်းနိုင်တဲ့ သူတစ်ယောက်နဲ့သာ
ရည်းစားဖြစ်သွားရင် သဝန်တိုတဲ့စိတ်နဲ့ ကျွန်တော် သေလိမ့်မယ်""

""ဒီလိုပါ ကလေးရယ် ခဏလေး ကိုပြောတာနားထောင် အဲ့ကောင်မလေးက ကို့အမေသူငယ်ချင်းရဲ့သမီး မနက်က ကျောင်းကို ကိုနဲ့အတူသွားဖို့ဆိုပြီး အမေက ပြောလို့ပါ့""

""ဟက် ဒါဆို ဘာကိစ္စနဲ့ ကျွန်တောိ့ကို လိမ်ရတာလဲ ပြောလိုက်လေ ငါကောင်မလေး တစ်ယောက်နဲ့ လာမှာမို့ မင်းသွားနှင့်လိုက်ဆိုပြီး အဲ့လိုဒဲ့ပြောလိုက်ပါလားဗျ ခုတော့...""

""အဲ့တာက အမှန်တိုင်းပြောလိုက်ရင် ကလေး ကို့ကို စိတ်ခုသွားမှာစိုးလို့ပါကွာ ကလေးက ကို့ကို အဖြေမပေးသေးတော့ ကိုလည်း ကလေးစိတ်ခုမယ့်ကိစ္စတွေကို မပြောချင်ဘူးလေ""

""ထားလိုက်ပါတော့ ""

""ကလေး အခုကိစ္စကို ကို့ကို ခွင့်လွှတ်တယ်မလားဟင် ဟင်လို့ ကလေး
ခွင့်လွှတ်တယ်မလားလို့"",

""အင်းဗျာ ခွင့်လွှတ်တယ် ""

""ဒါဆို ခုနက ပြောတဲ့စကားကရော အတည်ယူလိုက်ရတော့မလား ဟင်းဟင်း""

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now