💛CH12💛Uni

463 42 2
                                    

နောက်နေ့မနက်ရောက်တော့ Tay လည်း Gunကို ကတိပေးထားတဲ့အတိုင်း သူ့မားတို့မသိအောင် Gunအတွက် မုန့်ဟင်းခါး ခိုးဝယ်ခဲ့သည်။ ဘာကြောင့်ခိုးဝယ်ရသလဲဆိုရင် Gunက ငယ်ကတည်းက မုန့်ဟင်းခါးကို အရမ်းကြိုက်သည်။ ဒါပေမဲ့
မုန့်ဟင်းခါးစားပြီးတိုင်း နေမရထိုင်မရအောင် ဗိုက်အောင့်တတ်သည်။ နောက်ပိုင်းတော့ ဆရာဝန်က သူစားချင်တာလည်း စားလို့ရအောင် မုန့်ဟင်းခါး စားပြီးတိုင်း ဗိုက်အောင့်သက်သာစေသည့်  ဆေးပေးထားတော့ စား၍ရသည်။ Gunက ဆေးသောက်ရမှာ ကြောက်မှန်းသိတော့ မားတို့က Gunကို မုန့်ဟင်းခါးပေးမစားပေ။ သူစားချင်တဲ့ အခါတိုင်းTayကို ဂျီကျပြီး ဝယ်ကျွေးခိုင်းသည်။ Tayကလည်း သူ့ညီလေးကို ကြည့်ပြီး သနားတော့ ဝယ်ကျွေးမိသည်။ ကျွေးပြီးတိုင်းဆေးတိုက်ရမယ့်အစား ကျားအမှီးသာ ပြေးဆွဲချင်သည်။ ဒီတခါတော့ သူစားချင်တာ ဝယ်ကျွေးပြီး ဆေးတိုက်ရမယ့်တာဝန်ကို Offကို လွှဲရမယ် ဆိုကာ တွေးနေလေသည်။Tayလည်း ဝယ်လာတဲ့မုန့်ဟင်းခါးထုပ်ကို ဖွက်ကာ Gunအခန်းထဲသို့ ဝင်လာခဲ့သည်။

""Gunလေး ထတော့လေ ဒီမှာ မုန့်ဟင်းခါးဝယ်ခဲ့ပြီနော် မင်းမထရင် ကိုTayစားလိုက်တော့မယ်""

သူ့မုန့်ဟင်းခါးကို စားမယ်လည်း ပြောလိုက်ရော ချက်ချင်းငုတ်တုတ်ထထိုင်လာကာ

""အာ ကိုTayကလည်း ထပြီ ထပြီ သားစားမှာ ""

""ဟုတ်ပြီ ထတော့ စားပြီးရင် ရေချိုး ခဏနေသွားမယ် ခုတောင် ၁၀နာရီထိုးတော့မယ် ကာလနဂါးသေလို့ဝင်စားလားမှတ်ရတယ်""

""ကိုTay ရာ စကားများလိုက်တာ သွားတော့ ၁၀နာရီခွဲပြီး ၁၅မိနစ်ဆိုတာနဲ့ ကားနားကို ရောက်လာစေရမယ် ဟုတ်ပြီလား""

'""အေးအေး  ဟုတ်ပြီ အောက်ကစောင့်မယ်""ဆိုပြီး Tayလည်း အောက်ထပ်ကို ဆင်းလာကာ ဧည့်ခန်းထဲမှာ ထိုင်နေရင်း Gunကို ဆေးတိုက်ရန် OFFဆီ အကူအညီလှမ်းတောင်းဖို့ ဖုန်းဆက်လေသည်။

""ဟလို Tay​ပြော ရောက်တော့တာလား""

""မရောက်သေးပါဘူးကွာ အိမ်ကတောင်မထွက်ရသေးဘူး ကာလနဂါးပေါက်စက ခုနကမှ နှိုးခဲ့ရတာ""

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now