💛CH7💛Zaw

303 17 0
                                    

Offလည်း Gunကို ဘယ်က ဘလို စကားစပြီး ပြောရမှန်းမသိ၍ ဘေးမှ ငြိမ်ငြိမ်လေးထိုင်နေပြီး Gunကို ငေး
ကြည့်နေမိသည်။

အာ...ဘယ်က စပြောရမလဲကွာ ရည်းစားစကားလေး ပြောဖို့က ဒီလောက်တောင် ခက်လားကွာ အမလေး ကလေးရေ မင်းလေး ကားမောင်းနေတာကြည့်ပြီး ကိုယ်တော့နှလုံးရောဂါရတော့မှာပဲ ဘေးကနေမျက်နှာလေး မြင်ရတာ ပါးလေးသာ ဆွဲနမ်းလိုက်ရရင်ကွာ.......

""အကို ဒီမှာ အကို ""

""ဟမ် ညီ ပြောလေ"" အမလေးကွာ
လန့်သွားတာပဲ သူ့ကြည့်နေရတာနဲ့ ခုထိ စကားကို မပြောရသေးဘူး ဟူး

""အကို သားကို အဲ့တိုင်းကြီး ထိုင်ကြည့်နေတာကြာပြီဗျ ဘာလဲ ပိုက်ဆံချေးချင်လို့လား ရတယ်ပြောနော် အကို အားမနာနဲ့""

""အင်း  ဟုတ်တယ်ညီ အကို့ကို ၁၀၀၀၀လောင်ချေးပါဉီး ..😪ဟာ😑...ညီကလည်း  မချေးပါဘူး ဘာကိစ္စချေးရမှာလဲ က အဲ ညီပြောတာနဲ့ ယောင်ကုန်ပါပြီ""

""ဟီးဟီး..အကိုက ရီရတယ်နော် သားက မသိဘူးလေ အကိုက ကြည့်နေတော့ ပိုက်ဆံများ ချေးချင်လို့လားလို့ပေါ့  ခွီး ဟားဟား""

""အံမယ် မင်းလေးက အကို့ကို လှောင်ရီတယ်ပေါ့လေ"" ကလေးရေ မင်းရယ်နေတာ မြင်ရတာ ကိုယ့်နှလုံး ရပ်တော့မယ်ကွ

""ဟီးဟီး အကိုက ရီစရာကောင်းတာကို...""

""အကို ပိုက်ဆံတော့ မချေးဘူး ဒါပေမဲ့ ညီ့ဆီက တောင်းစရာတစ်ခုတော့ရှိတယ်""

""ဟမ် ဘာလဲ ပြောလေ""

""ညီက အကိုတောင်းရင် ပေးမှာလား""

""ပေးနိုင်တဲ့ဟာဆို ပေးမှာပေါ့ဗျာ အကိုကလည်း""

""အကို တောင်းတဲ့ဟာ ညီပေးနိုင်ပါတယ်""

""အင်း ဒါဆို ပြောကြည့်လေဗျာ""

""ကား ခဏရပ်လိုက် ရှေ့နားမှာ"" ကားရပ်ခိုင်းပြီး ပြောမှ တော်ကြာ ရည်းစားစကားပြောခံရလို့ လန့်ပြီး အကုန်ဝင်တိုက်ကုန်မှ အဖြေမရခင်သေနေမှာမို့

""ဟုတ်""

gunလည်း အရှေ့နားက သစ်ပင်အောက်လေးမှာ ကားရပ်ပြီး

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now