💛Final💛Zaw

516 20 0
                                    

ဒီနေ့ ကျောင်းပိတ်ရက်မှာ Off တစ်ယောက် Gun စားချင်တာ အကုန်လိုက်ကျွေးမယ်ဆိုပြီး ကတိပေးထားသည်။ဒါနဲ့ပဲ Gunကိုသွားခေါ်ရန် ကားမောင်းပြီး ထွက်လာခဲ့လိုက်သည်။

Gunလည်း ဒီနေ့တစ်နေ့လုံးအပြင်ထွက်မယ့်အကြောင်း အိမ်ကိုဘလိုခွင့်တောင်းရမလဲ စဉ်းစားနေသည်။ အဲ့အချိန်Tay အခန်းထဲဝင်လာပြီး

""ဘာတွေစဉ်းစားနေတာလဲ Gun လေး""

""ဟိုလေ ကိုTay ဒီနေ့အပြင်သွားချင်လို့ အဲ့တာ မားတို့ကို ဘလိုခွင့်တောင်းရမလဲ စဉ်းစားနေတာ""

""ဪ လတ်စသတ်တော့ ဘဲနဲ့ချိန်းတွေ့ချင်လို့ အကြံထုတ်နေတာကိုးး""

""ဟီးဟီး ကိုTayကလည်း ""

""ဒီလိုလုပ် ငါလည်း ဒီနေ့ သဲငယ်လေးနဲ့ ချိန်းထားတာဆိုတော့ အင်း အိမ်ကနေအတူထွက်မယ် လမ်းထိပ်ရောက်မှ မင်းလူကြီးနဲ့ လိုက်သွားလိုက် အဆင်ပြေလား"'

""အင်း ပြေပါတယ် အိမ်ကိုရော ဘလိုပြောသွားမှာလဲ'"

""တီချယ်ခေါ်ထားလို့ဆိုပြီး ပြောလိုက်မယ် အဲ့တာ ငါ့ကိစ္စထား မင်းက ဘာတခွန်းမှ မပြောနဲ့ တော်ကြာလွဲကုန်မှာစိုးလို့""

""ဟုတ် ကိုTay ဒါဆို သွားပြင်ဆင်တော့ချေလေ သားက ပြီးပြီ ခဏနေ အကိုOffရောက်တော့မယ် ထင်တယ်""

""ဘာမှမဖြစ်ဘူး စောင့်ပစေ အဲ့ကောင်""

""ကိုTayကလည်း ဟွန့်""

""အပိုတွေလာလုပ်မနေနဲ့ အဲ့ကောင်က ကားထဲကစောင့်ရမှာ နေပူကြီးထဲ ရပ်စောင့်မှာ မဟုတ်ဘူး""

""ဟုတ်ကဲ့ပါ ပြောနေတာကြာတယ် သွားမြန်မြန်ပြင်ဆင်ချေတော့""

.......................................................

Gunလည်း လမ်းထိပ်ရောက်တော့ Tay ကားပေါ်ကဆင်းပြီး Off ကားပေါ်တက်လာခဲ့သည်။ Tayကတော့ ဘာမှမပြောပဲ ကားမောင်းထွက်သွားခဲ့သည်။ ဟုတ်သည်လေ သူလည်း မျက်နှာပူတာပေါ့။

""ကလေးရယ် ကိုက ကလေးထွက်လို့မှ အဆင်ပြေရဲ့လားလို့""

""ကိုTayနဲ့ ပေါင်းကြံပြီး ထွက်လာတာ ဟီးဟီး""

""ဒါဆို ယောက်ဖကြီး လိုက်ပို့တာပေါ့""

""လိုက်ပို့တာတော့ မဟုတ်ဘူးပေါ့ သူလည်း Newနဲ့တွေ့ဖို့ချိန်းထားတာလေ""

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now