💛CH9💛Zaw

296 16 0
                                    

Tay ဒီနေ့မနက် ကျောင်းသွားရန် တုံ့ဆိုင်းနေသည် မဟုတ်ဘူး လုံးဝကို စိတ်မပါခြင်း ဖြစ်သည်။ ကိုယ်ချစ်တဲ့သူက သူ့ပိုင်ရှင်နဲ့ မိတ်ဆက်ပေးတာကို ပြုံးပြီး ကြညိ့နေပေးရလောက်အောင် Tayသဘောထားမကြီးနိုင်။ ဒါပေမဲ့လည်း ချစ်တဲ့သူရဲ့ ပိုင်ရှင်ကဘလိုလူမျိုးလည်းဆိုတာ သိချင်သေး၍ ကျောင်းတော့ ရောက်အောင်သွားဖို့ ဆုံးဖြတ်လိုက်သည်။

သဲငယ်လေးရေ ကိုယ်မင်းကို ချစ်မိတာ အဲ့လောက်တောင် အပြစ်ကြီးသွားလားကွာ ခံစားရတာတွေက တကယ်ရင်နဲ့မဆံ့တော့ဘူး ဟူးးးးး


ကျောင်းCanteenမှာ Tay နဲ့ Armရယ် Offရယ် Farsaiရယ် လေးယောက်သားထိုင်ပြီး Gunတို့ အလာကို စောင့်နေသည်။

Off- ဟေ့ကောင်Tay မင်းရုပ်ကြီးကဘာဖြစ်နေတာလဲ အဲ့တာ ဆပ်ပြာသည်လင်ပျောက်တဲ့ရုပ်နဲ့

Farsai-ဟုတ်တယ် ငါလည်းကြည့်နေတာ ငါတို့ canteenစထိုင်ကတည်းက ဘေးနားမှာ စကားတစ်ခွန်းမှ ဝင်မပြောပဲ လဒမှိုင်မှိုင်နေတာ စားရတာတောင် မြိုမကျတော့ဘူး

Arm- ကဲ ဆိုစမ်းပါဉီး ဒီလိုဖြစ်နေရတဲ့အကြောင်းလေး

Tay- Newမှာ ကောင်မလေးရှိနေပြီတဲ့ ဟူး  သက်ပြင်းတစ်ချက်ချလိုက်ပြီး ခဏနေ gunတို့နဲ့ အတူပါလာလိမ့်မယ် ငါတို့အဖွဲ့နဲ့ မိတ်ဆက်ပေးမယ်တဲ့

Arm-ဪ လက်စသတ်တော့ လင်ပူမိနေတာကိုး ဟားဟား

Off-နေပါဉီး မင်းကို ဘယ်သူပြောတာလဲ Tay

Tay-ငါ့ညီပြောတာကွ မနေ့ညက လာပြောသွားတာ ငါအိပ်မပျော်လို့ အိပ်ဆေးတောင်ကူရတယ်

Farsai-အမလေး ငါ့သူငယ်ချင်းလေး ရောဂါတော်တော်ကျွမ်းနေပြီပဲ သနားပါတယ် မဖြစ်သေးပါဘူး Fujoshi ဝင်ပါမှ ဖြစ်တော့မယ်

Arm-ဘာလဲ Fujoshi

Farsai- နင့်လို နလပိန်းတုံး နားလည်အောင်ပြောရရင် ယောက်ျားလေးချင်းညားအောင် အကျိုးဆောင်တဲ့သူပေါ့ဟယ်

Off-ဖူဂျိုရှီတွေ ဖာဂျိုရှီတွေ အသာထား ဟိုမှာ gunလေးတို့လာပြီ

Farsai-နင့်မေလင်ကို ဖာဂျိုရှီလေ သူတောင်းစား ငါမဆဲချင်ဘူး

တိတ်တခိုးလေးသာ💛(Uni+Zaw)Tahanan ng mga kuwento. Tumuklas ngayon