💛CH8💛Uni

496 49 7
                                    

Tayအိမ်ပြန်ရောက်တော့ Gun ကိုမတွေ့တာနဲ့

""မား Gunလေး ပြန်မရောက်သေးတာလား""

""မရောက်သေးလို့ မတွေ့တာပေါ့ Tayရယ် ""

""ဒီကောင်လေး ဘယ်သဝေထိုးနေလဲမသိပါဘူး ""

""ဘယ်မှ သဝေမထိုးပါဘူး ကိုTayရာ""
gunလည်း အိမ်ထဲဝင်ဝင်လာချင်း သူ့ကိုမတွေ့လို့ ပြောနေတဲ့ Tayကို ပြန်ပြောလိုက်သည်။

""ဒါဆို ဘာလို့ကြာနေတုန်း Offအိမ်နဲ့က နီးနီးလေးပါ ကြာမယ့်ကြာ ငါကကြာရမှာကို""

""ကားဖြေးဖြေးမောင်းနေလို့ပါဗျာ နေရင်းထိုင်ရင်း ကိုTayကလာရစ်နေသေးတယ် ဟင်းဟင်း သိတယ်နော်""
gunလည်း သူသိနေတယ်ဆိုတဲ့
အကြည့်နဲ့ Tayကိုကြည့်ပြီးပြောတော့ Tayခမျာ မလုံမလဲနဲ့

""ဘာ...ဘာ သိတာလဲ ငါကဘာလုပ်လို့ မင်းကဘာသိတာလဲ""

""ညနေ ရေချိုးပြီး သားအခန်းထဲလာခဲ့ ကိုTay ကို အမှုစစ်စရာရှိတယ်""

""အေးကွာ လာခဲ့မယ် သွားသွား အပေါ်တက်တော့""

""သားTay မင်း ဘာမဟုတ်တာတွေ လုပ်ထားလဲ မားကို ပြောစမ်း""

""အာ မားကလည်း သားဘာမှမလုပ်ပါဘူး မားရဲ့ သားငယ်အကြောင်းလည်း သိသားနဲ့ သားဆို အမြဲအနိုင်ကျင့်နေကြ""

""သားငယ်က သူ့အကိုကို ချစ်လို့ပါသားရဲ့""

""အမလေး ဟုတ်ပါပြီ သိပါတယ်မားရယ် သားလည်း အပေါ်တက်တော့မယ် ဗိုက်ဆာမှ ညစာဆင်းစားတော့မယ်နော်မား""

""အေးအေး ဟုတ်ပြီ""


Tayလည်း အခန်းထဲရောက်တော့ ကုတင်ပေါ်ကို ပစ်လှဲပြီး ဖုန်းထုတ်ပြီး New သူ့ Fri requestကို လက်မခံသေး၍ စောင့်နေသည်။

""ဟူး သဲငယ်လေးရေ ကိုယ့်Accလေးကို လက်မခံသေးဘူးလားကွာ Accလက်ခံပြီးရင် Ph noပေးမယ်ဆို မင်းအသံလေးကို ကြားချင်နေပြီကွာ အခုလေးတင်တွေ့ခဲ့ရတာကို လွမ်းနေပြန်ပြီ သဲငယ်ရာ ကိုယ်တော့ မင်းလေးကြောင့် ရူးတော့မယ်ထင်တယ်သဲငယ်လေးရေ""

Tayလည်း ခံစားနေရတာတွေကို ပါးစပ်ကထုတ်ပြီး ရင်ဖွင့်သည့်အနေဖြင့် အော်ပြောမိသည်။

တိတ်တခိုးလေးသာ💛(Uni+Zaw)Onde histórias criam vida. Descubra agora