💛Ch3💛Uni

612 58 4
                                    

Newကို ဝင်ပို့ပြီးတော့ Tayနဲ့gun ညီအစ်ကို နှစ်ယောက် အိမ်ကိုပြန်လာခဲ့ကြသည်။ အရင်ကစို သာလိကာ အရှုံးပေးလောက်အောင် ပွစိပွစိနဲ့ တတွတ်တွတ် စကားပြောတဲ့ ကိုTayက ဒီနေ့မှ အတော်ငြိမ်နေလို့ gun စိတ်ထဲ
တမျိုးတော့ထင်မိနေသည်။ ခုနကလည်း ပြုံးနေတာများ ပါးစပ်ကြီးကိုဖြီးလို့ နားရွက်တက်ချိတ်မှာတောင် စိုးနေရသည်။ မဖြစ်ဘူး ငါ့မှာ အစ်ကိုလေး ဒီတစ်ယောက်ရှိတာ တော်ကြာရူးသွား
ပြန်ဦးမယ် မေးကြည့်ဦးမှ ဆိုပြီး Tayကို လှမ်းခေါ်လိုက်သည်။

""ကိုTay ကိုTay""ပထမတစ်ခါမကြား

ကိုTayလို့ ဒုတိယတစ်ခါမကြား

ဒါနဲ့ gunလည်း စိတ်မရှည်တာနဲ့ Tay
ပုခုံးကို လှမ်းရိုက်ပြီး ကိုTayရေလို့ အသံကျယ်နဲ့ အော်လိုက်တော့မှာ ပြာပြာသလဲနဲ့

""ဟာ လန့်တာကွာ ဘာလဲ gunလေးရာ ဖြေးဖြေးအော်လည်း ရတာကို မင်းနဲ့တော့ ဒုက္ခပါပဲ သာယာနေတာလေးတောင်ပျောက်တယ် ဟူးးးး"""

""မသိဘူးလေဗျာ သားက ကိုTayရူးသွားတာလား ဒါမှမဟုတ် ကားမောင်းရင်း ငုတ်တုတ်များမေ့နေတာလားလို့ ဘာတွေများသာယာနေတာလဲ ပြောပါဦး"""

"""ငါက ဘာကိစ္စ ရူးရမှာလဲဟမ် ကိုယ့်အစ်ကိုကို အဲ့လိုပြောစရာလား ""

""ကိုTay စကားလမ်းကြောင်းတွေလာလွှဲမနေနဲ့ ဒါမျိုးတွေ ရိုးနေပြီ မေးတာဖြေ ဘာတွေသာယာနေတာလဲ"""

""ဘာ...ဘာမှ မဟုတ်ပါဘူးကွ ရာသီဥတုသာယာတာကို ပြောတာပါ😁"""

""အံမယ် ကိုTayနော် သားမသိဘူးများထင်နေလား """

ဟမ် သူကတကယ်သိနေတာလား မဟုတ်လောက်ပါဘူး ဒီကောင်လေးလျှောက်ပြောတာဖြစ်မှာပါ
"""မင်း..မင်းက ဘာတွေသိတာလဲ"""

""အဟမ်း စကားတွေတောင် ထစ်လို့ပါလား ကိုTayရ ဟဲဟဲ ကိုTay သားသူငယ်ချင်းကို ဖွန်ကြောင်ဖို့ စဥ်းစားနေတာမလား """

""မင်းကဘလိုသိတာလဲ"""Tayရုတ်တရက်ပြောလိုက်ပြီးမှ မိမိစကားက ဝန်ခံတဲ့စကားမျိုးဖြစ်သွား၍ အမြန်ပင်စကားကိုပြင်လိုက်သည်။
"""မဟုတ်ပါဘူး မှားလို့ ငါပြောတာက မင်းက ဘာလို့ အဲ့လိုပြောရတာလဲလို့ အဟွတ်"" ရှက်ပြီး ချောင်းပါဆိုးကုန်သည်။😆

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now