💛CH16💛Uni

503 39 12
                                    

Gunလည်း မုန့်ထုပ်ကျသွားတော့ ကောက်မယ် အလုပ် ဘေးကလူက ကောက်ပေးတာနဲ့ လှမ်းယူလိုက်တော့ ထိုလူက Gun ဆိုပြီး ရုတ်တရက်ခေါ်လိုက်တော့ ဘယ်သူလဲဆိုပြီးမှ မျက်နှာကို သေချာပြန်ကြည့်လိုက်သည်။ရုပ်ရှင်ရုံက မီးအမှောင်ချထားတော့ ကွဲကွဲပြားပြား မမြင်ရသောကြောင့်ဖြစ်သည်။
Gunသေချာကြည့်လိုက်တော့မှ

""ဟင်......ကို...ကိုTay........""

""အေး ဟုတ်တယ် မင်းအစ်ကို"""

""ကိုTayက ဒီကို ဘလိုရောက်""

""ဒီနေ့ Offကလည်း ကျောင်းမတက်တော့ ငါနဲ့Arm နှစ်ယောက်တည်း ပျင်းလို့ ရုပ်ရှင်လာကြည့်တာ နေပါဦး မင်းကရော ကျောင်းကနေ ဘလိုလုပ် ရုပ်ရှင်ရုံရောက်နေတာလဲ""

Tay က Off ကိုမမြင်သေးတော့ Gunလည်း ဘလိုလိမ်ရမလဲဆိုပြီး စဥ်းစားနေတုန်း

""ကလေး ရုပ်ရှင်မကြည့်ပဲ ဘသူနဲ့ စကားပြော....ပြော အယ် Tay.......""

""ဟမ် နေကြပါဦး မင်းတို့နှစ်ကောင်က ဘလို နေပါဦး Off မင်းက ငါ့ညီကို ကလေး ဟုတ်လား'"

""မထူးတော့ပါဘူး ကလေး ကိုယ်တို့ Tayကို ပြောပြဖို့ သင့်ပြီထင်တယ်""

""အင်း Papi ပြောလိုက် လာ ကလေးခုံမှာလာထိုင် ကလေး ဟိုဘက်ရွှေ့မယ်""

""အင်းအင်း ကလေးသဘော""

Gunလည်း Offနဲ့ နေရာ လဲပြီးတာနဲ့ ချက်ချင်း Newဆီကို ဖုန်းကောက်ဆက်တော့သည်။

""ဟလို New မင်း ရုပ်ရှင်ရုံကို အမြန်လိုက်ခဲ့ကွာ ဒီမှာ ငါတို့ ကိုTayနဲ့ စုံသွားလို့ မင်းမြန်မြန်လိုက်လာခဲ့နော်""

""အေးအေး မင်းတို့ကွာ အတော် ဒုက္ခပေး ဟွန်းး မပြောချင်ဘူး""

Gunလည်း တိတ်တိတ်ကလေး ဖုန်းဆက်ပြီးတော့မှ Tay တို့ဘက်လှည့်ပြီး

""ကိုTay သားကို မဆူဘူးမလား ဟီးဟီး""

""ဘာမှ ငါ့ကိုမျက်နှာချိုလာသွေးမနေနဲ့ အိမ်ကို ပြောစရာရှိတာတော့ ပြောရမှာပဲ""

""ဟာ ကိုTayကလည်း မလုပ်နဲ့လေ""

""ဟေ့ကောင် တိတ်တိတ်နေတော့ မင်းနဲ့ငါ အပြင်ရောက်မှ ဆက်ပြောမယ် ခုတော့ ဇာတ်ကားတော်တော်ကောင်းနေတယ်""

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now