💛Ch5💛Uni

542 56 5
                                    

Offလည်း Gunကို Snackတွေပေးပြီးတော့ လှည့်ပြန်မယ်အလုပ် သူ့နောက်မှာ ရပ်နေတဲ့ Farsaiကို ရုတ်တရက်တွေ့လိုက်ရတော့ လန့်ပြီး ကြောင်ကြည့်နေမိသည်။ Farsai ကစပြီး

""ရော့ Canteen မှာ ဖုန်းမေ့ထားခဲ့လို့ ရှာပြီး လိုက်ပေးတာ ""ဆိုပြီး လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းကို လှမ်းပေးလိုက်သည်။

Offလည်း ဘာပြောရမှန်းမသိတာနဲ့
""အော် ကျေးဇူးပဲ""" ဆိုပြီး ​အားနာတဲ့မျက်လုံးနဲ့ Farsaiကို ကြည့်နေလိုက်သည်။ သူ့စိတ်ထဲတွေးနေတာက Farsai ကဘာလို့ စိတ်ဆိုးစိတ်ကောက်ပြီး မအော်လဲပေါ့

ဒါနဲ့Farsaiလည်း ""Farsaiတို့ တစ်နေရာမှာ စကားသွားပြောရအောင် Off ဒီနေရာကကျ Gunလေးတို့ အခန်းရှေ့ဆိုတော့ မကောင်းဘူးလေ""

""အော် အင်း သွားမယ်လေ ခေါင်မိုးထပ်မှာ သွားပြောမလား""

""အင်း ကောင်းသားပဲ""

နှစ်ယောက်သားစကားပြောရင်းထွက်သွားတာကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီး Gunလေးတစ်ယောက် ခံစားနေရသည်။ မထင်မှတ်ပဲ မျက်ရည်များပင် ဝိုင်းလာသည်။ ဘေးမှာ ထိုင်နေတဲ့ Newက သတိထားမိတာနဲ့

""ဟေ့ gun မင်း ဘာဖြစ်နေတာလဲ ငါကြည့်နေတာ ကြာပြီနော်""

""ဒီလိုပါပဲ နဲနဲ အဆင်မပြေနေလို့""

""ဒီလိုပါပဲတွေ လုပ်မနေနဲ့ သူငယ်ချင်းဆိုလို့ ဒီနှစ်ယောက်ပဲရှိတာ ငါ့ကိုမှန်မှန်ပြော""

""ဒီလိုကွာ ပြောရရင် ငါကျောင်းစစတက်ချင်းနေ့က အကိုOffကို စိတ်ဝင်စားသွားတာ ဒါပေမဲ့ သူ့မှာ ပိုင်ရှင်ရှိတယ်ဆိုတော့ ငါသူ့ဆီက စိတ်ဖြတ်ဖို့ ကြိုးစားပြီး သူ့ကိုရှောင်နေတာ ဒါပေမဲ့ သူက ငါ့ရှေ့ကို ပေါ်ပေါ်လာတာဟာ ပေါ်လာတော့လည်း အတွဲလိုက် ဘလောက်ပဲ စိတ်ဖြတ်မယ်ပြောပြော ချက်ချင်းကြီးကကျ အဆင်မပြေဘူးလေဟာ""

""ဪ.....""

""New မင်း မအံ့သြဘူးလား""

""မအံ့သြပါဘူး ငါရိပ်မိပါတယ် မင်းကို ဇွတ်အတင်း မမေးချင်လို့""

""ဒါ လျှို့ဝှက်ချက်နော် ရင်ဖွင့်လိုက်ရတော့ အဆင်ပြေသွားတယ်""

တိတ်တခိုးလေးသာ💛(Uni+Zaw)Where stories live. Discover now