" လန်ဘုန်းတော်ကြီးကျောင်း "
မွေးကင်းစထဲက သူတော်စင်တို့ တရားရှာရာ ချယ်ရီတောစပ်က လန်ကျောင်းတော်မှာပဲ အေးချမ်းစွာနဲ့ ကြီးပြင်းပေါက်ဖွားလာသော ကိုရင်ငယ်လေးရဲ့ ဘွဲ့နာမည်က လန်ဝမ်ကျီး၊ ငယ်နာမည်က လန်ကျန့်ခေါ်သတဲ့ ။ လူ့ဘောင်လောကက ပူဆွေးခြင်း၊ဝမ်းနည်းခြင်း၊လောဘ၊ဒေါသ၊မောဟကင်းတဲ့ ကိုရင်ငယ်လေးရဲ့ ဘဝလေး က ကျဥ်းပေမဲ့ အေးချမ်းရာကတော့အတိပင် ။ သို့ပေမဲ့ ဘယ်သူကထင်မှာလဲ ။ ပုဝါဖြူစည်းထားတဲ့ ကလေးငယ်လေးတစ်ယောက်က ကိုရင်ငယ်လေးရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ ဘဝကျဥ်းကျဥ်းလေးထဲကို တွန့်လိမ်ဝင်ရောက်လာလိမ့်မယ်လို့လေ ။
" ကိုကိုလေးရေ!! ရှန့်ရှန့်လာပီ!!!! "
စင်္ကြံလမ်းလေးတစ်လျှောက်ကြွေကျနေတဲ့ သစ်ရွက်ခြောက်လေးတွေကို တစ်ချက်ချင်းစီလှဲယူနေရင်း ကြားလိုက်ရတဲ့ စူးရှနေတဲ့ အသံသေးသေးကြောင့် တံမြတ်စည်းကိုင်ထားတဲ့ ကိုရင်ငယ်လေးရဲ့ လက်အစုံတို့ကရပ်တန့်သွားရသည် ။ သို့အတူ ရင်ထဲဖိတ်မခေါ်ပါပဲ တဇွတ်ထိုးဆန်စွာ တိုးဝင်လာတဲ့ နာမ်စားလေးရယ်က " ပုဝါဖြူလေး " တဲ့ ။
" အဟီး ရှန့်ရှန့်လေးက လွမ်းနေတာရယ်... "
အနားကိုရောက်ရောက်ချင်း ခြေထောက်ကိုဆွဲဖက်ကာ ကိုယ်လေးကိုလှုပ်ယမ်းရင်း ခေါင်းလေးမော့ကာ ပြောလာတဲ့ ကလေးလေးကြောင့် ကိုရင်ငယ်လေးရဲ လက်ထဲက တံမြတ်စည်းရိုးတံလေးက အလိုလိုလွတ်ကျသွားသည် ။ မထင်မှတ်ထားတဲ့ ကလေးလေးရဲ့ အပြုအမူကြောင့် ဖြစ်ပါလိမ့်မယ် ။
" ဒါနဲ့ကိုကိုလေး... ကိုကိုလေးရောလွမ်းနေသေးလားဟင် ။ ကိုကိုလေး လွမ်းနေမယ်ဆိုတာ ရှန့်ရှန့်ကသိပါတယ် ။ တကယ်ဆိုရှန့်ရှန့်က ဟိုတနေ့တည်းကလာချင်နေတာရယ် ။ ဖေဖေကဆူနေလို့သာ ဒီနေ့မှလာရတာ "
" ဆူတယ် "
" ဟုတ်တယ်..။ ဖေဖေက ရှန့်ရှန့်ကိုဆူတာ ။ ပုဝါလေးကျန်ခဲ့လို့ဆိုပြီး..."
" ပုဝါ ၊ အဲ့ဒါက ၊ ကိုယ်တော့်ဆီမှာ.."
" ဟုတ်လား ။ ရှန့်ရှန့်ကျန်ခဲ့လို့ ကိုကိုလေးကသိမ်းပေးထားတာလား ။ ချစ်လိုက်တာနော် "
YOU ARE READING
Don't take away !!
Poetry_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ Start date - October 13 (2020) End Date - November 1 (2020) _credit cover photo to its respective artist_