part-16(Unicode)

10.1K 1K 168
                                    

[ recommended song - Love is gone by Slander ]

မနက်လေးနာရီ တုံးမောင်းခေါက်ပါပြီ  ။
တစ်ညလုံး ခဏလေးတောင် မျက်လုံးတွေ မမှိတ်နိုင်တဲ့ ကိုရင်လေးဟာ ဘုရားဝတ်ပြုဖို့တောင် အားအင်မရှိတော့ပါ ။ သေတ္တာပေါ်က ကျမ်းစာအုပ်တွေကို ဘေးချလို့ သေတ္တာထဲက ပုဝါဖြူလေးနှစ်ခုကိုသာ ယူသည် ။ ကိုရင်ငယ်လေး လန်ဝမ့်ကျီးဟာ ဝတ်ပြုဖို့အတွက် အသီးသီးအဆောင်ထဲက ထွက်လာကြတဲ့ ကိုရင်ငယ်တွေကို ကျောခိုင်းလိုက်ပြီး ချယ်ရီတောဆီသို့သာ  ခရုတစ်ကောင်လိုမျိုး တရွေ့ရွေ့ထွက်ခွာသွားတော့သည် ။

ထိုင်နေကျ ချယ်ရီပင်အောက်က ကျောက်တုံးကြီးဆီသို့ရောက်တဲ့အခါ ကိုရင်လေးက မနက်ဖြန်ဆိုတာ မရှိတော့တဲ့ လူတစ်ယောက်လို အားအင်မဲ့စွာ ထိုင်ချသည် ။  လက်ဖဝါးထဲက ပုတီးလုံးတွေမဟုတ်ပါပဲ ဖြူစွတ်နေတဲ့ ပုဝါလေးနှစ်ခုကိုကြည့်လို့ သူဟာ ခက်ခဲစွာနဲ့ ပင့်သတ်တစ်ချတ်ရှိုက်သည် ။

လေးရက်ရှိပါပြီ ။ ကလေးငယ်လေးကရောက်မလာခဲ့တာ လေးရက်ရှိသွားပါပြီ ။ ဘယ်အရပ်တွေကိုများ ခရီးလွန်နေပါလို့ ကိုယ်တော့်ကို မေ့ပျောက်နေရတာပါလဲ ကလေးငယ်ရေ ။

နှုတ်ဆက်စကားလေးတစ်ခွန်းတောင် မရရှိခဲ့တဲ့ ကိုရင်ငယ်လေးဟာ သူတစ်ယောက်တည်းသာ သိတဲ့ အချစ်တွေနဲ့အလွမ်းတွေကို တနင့်တပိုး သယ်ပိုးထားရတာကြောင့် လေးရက်မြောက်နေ့ မနက်ခင်းမှာ အတော်အတန် အားအင်ချိနဲ့ သွားပြီ​ဖြစ်သည် ။  ကလေးလေး မရှိတဲ့နေ့ရက်တွေက စ,လို့ ဒီဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချဖို့ နေရာ ကိုရင်ငယ်လေး ရှာမတွေ့ခဲ့တော့တာ ဖြစ်သည် ။

ကလေးငယ်အပေါ်စွဲလမ်းစိတ်သည် နှစ်ပေါင်းများစွာ လေ့လာခဲ့သော တရားဓမ္မများကပင် ဖြတ်တောက်ပေးနိုင်စွမ်းမရှိခဲဲ့ကြပါ ။ ခံစားချတ်တွေကို သိမြင်ပြီးတာ ကြာပြီဖြစ်ပေမဲ့ ထုတ်ဖော်ပြသခွင့်မရှိလေတဲ့အခါ တိတ်တိတ်ကလေး သိမ်းဆည်းချိုးနှိမ်ထားရုံမှ တစ်ပါး မတက်နိုင်တော့ပြီပဲ ။

ပုဝါဖြူလေးကို ခပ်ဖွဖွဆုပ်ကိုင်လို့ အက်ကွဲစို့နစ်နေသော အသံဖြင့် ကိုရင်ငယ်လေးဟာ အားကိုးတကြီး ရေရွတ်လိုက်သည် ။

Don't take away !! Where stories live. Discover now