part-19(Unicode)

9.1K 916 80
                                    

" ကိုကိုလေး!! "

လန်ဝမ်ကျီးရဲ့လက်ထဲကဓားက ဦးတည်ရာမဲ့စွာ လွတ်ကျသွားသည် ။ ရင်ခွင်ထဲက နွေးထွေးတဲ့ အထိအတွေ့လေးနဲ့ သေးငယ်တဲ့ ငိုသံလေးကြောင့် လန်ဝမ်ကျီးက အသက်ရှူတွေရပ်ထားမိသည် ။

" မလုပ်ပါနဲ့!! ဟင့်... အဲ့လို မလုပ်ပါနဲ့! "

နွေးထွေးတဲ့ မျက်ရည်နဲ့ ဝင်လေထွက်လေ ခပ်ငွေ့ငွေ့က လန်ဝမ့်ကျီးရဲ့ ရင်ဘက်နားမှာ ရှိနေသည် ။ လန်ဝမ်ကျီးရဲ့ လက်နှစ်ဖက်က လေထုထဲတွင် ကြောင်,အစွာ ရပ်တန့်နေသည် ။မျက်ဝန်းနီနီတွေက ဂရုဏာသက်ဖွယ် တုန်လှုပ်လာခဲ့ပြီးနောက် ရပ်တန့်ထားတဲ့ လက်ဖဝါးနှစ်ဖက်ဟာလည်း တဆတ်ဆတ်တုန်ရီလာခဲ့သည် ။

လည်ပင်း​က လည်စလုတ်က လှုပ်ရှားသွားပြီးနောက် မခံမရပ်နိုင်အောင် လှိုက်တက်လာတဲ့ အမျိုးအမည်မသိတဲ့ ခံစားချတ်ကြောင့် သူဟာ မပီမပြင် ပြုံးလိုက်သည် ။ ဒါက ... ဘာလဲ ။
ထပ်ပြီးတော့ ကံကြမ္မာက ကျီစယ်ပြန်တာလား ။ မခံမရပ်ဖြစ်လာသည့်တိုင် သူ့ရဲ့လက်နှစ်ဖက်ဟာ ရင်ခွင်ထဲက အထိအတွေ့ကို ထွေးပိုက်ဖို့ မလှုပ်ရှားနိုင်ခဲ့သလို မိစ္ဆာမျက်ဝန်းနီနီတွေဟာလည်း အထိအတွေ့လေးအား ကြည့်ဖို့ မဝံ့ရဲတော့ ။

တကယ်လို့များ ရင်ခွင်ထဲက အထိအတွေ့လေးဟာ သူ့ရဲ့ ရူးသွပ်မှုကြောင့် ထင်ယောင်ထင်မှား ပုံရိပ်တစ်ခုသာ ဖြစ်နေပါမည်ဆိုလျှင် လန်ဝမ်ကျီးရဲ့ အစိုးမရတော့တဲ့ ဒေါသအစုံက သုံးလောကကိုတောင် ဖျတ်ဆီးပစ်တော့မည် ဖြစ်သည် ။

" ကိုကိုလေးရယ်.. "

ပြန်လည်ပွေ့ဖက်ခြင်းမရှိသလို ၊ အကြည့်လေးတစ်ချတ်တောင် မပေးနိုင်တော့ပဲ ကျောက်ရုပ်တစ်ရုပ်အလား ရပ်တန့်သော ကိုကိုလေးကြောင့် ရှန့်ရှန့် ယူကြုံးမရစွာ ရေရွတ်လိုက်မိသည် ။ သေးငယ်တဲ့ ငိုရှိုက်သံလေးက လန်ဝမ်ကျီးရဲ့ နာကျင်အောင့်မျက်နေတဲ့ နှလုံးသားဆီ တစိမ့်စိမ့်တိုးဝင်သွားတဲ့အခါ အချိန်အတော်ကြာအောင် လွတ်ထွက်နေတဲ့ အသိစိတ်က ပြန်လည်လို့ ဝင်ရောက်လာသည် ။ လန်ဝမ်ကျီးရဲ့ နှလုံးသားဟာ လှုပ်ရှားသွားပြီး သူဟာ မယုံနိုင်စွာနဲ့ တိုးငယ်သော အသံတစ်ခုဖြင့် ရေရွတ်လိုက်မိသည် ။

Don't take away !! Where stories live. Discover now