part-9(Unicode)

10.2K 1K 58
                                    

ရှန့်ရှန့် ဘုန်းတော်ကြီးကျောင်းကို မလာတာ နှစ်ရက်မြောက်နေ့ ။

မြင်နေကျ စင်္ကြံလမ်းလေးပေါ်က ချယ်ရီပွင့်ဖက်တို့က ဒီနေ့ကျမှ စိတ်ရှုပ်စရာကောင်းနေသလိုလို ။ စိတ်မပါစွာ တစ်ချက်ချင်းစီ လေးလေးပင်ပင်လှဲနေမိသည် ။

တိုက်နေတဲ့ လေတွေက သူတော်စင်လေးရဲ့ ရင်ကိုအရင်လို မအေးချမ်းစေတော့ဘူး ။

ကြားနေကျ တရားရွတ်သံခပ်တိုးတိုး တို့ကလည်း သူတော်စင်လေးရဲ့ စိတ်ကို မကြည်လင်စေတော့ဘူး ။

' အချစ်~~ 'တဲ့
' အချစ် ' ဆိုတဲ့ အရာက လူကိုအဲ့လောက်​တောင် ပြောင်းလဲစေစားနိုင်တဲ့အထိ စွမ်းအားကြီးတာလား ။

အို ဘာ ' အချစ် ' လဲ !
ခေါင်းကိုခပ်မြန်မြန်ရမ်းလိုက်ပြီး လက်ထဲက တံမြတ်စည်းရိုးကို အားကိုးတကြီးဖျစ်ညစ်လိုက်မိသည် ။
ကိုယ်တော်က သူတော်စင်တစ်ပါးပဲ ။ ဟုတ်တယ် ။ ကိုယ်တော်က လမ်းမှားရောက်နေတဲ့ ခပ်သိမ်းသော သတ္တဝါတို့ကို လမ်းမှန်ရောက်အောင် မေတ္တာထားပြသပေးရမဲ့ သိက္ခာရ ကိုရင်ငယ်တစ်ပါး ။ ဘာလို့ ' အချစ် ' ဖြစ်ရမလဲ ။ ဘာကြောင့် ' အချစ် ' ဖြစ်ရမလဲလေ ။

မြေပြင်ဆီက ရွက်ကြွေတွေဆီသာ အပြစ်ဖို့ပြီး အားသုံးလှဲချလိုက်မိတော့ ပန်းဖက်တွေက တံမြတ်စည်းရိုးတံတွေအောက်မှာ မရှုမလှ ။

" ကိုကိုလေး!! ရှန့်ရှန့်လာပြီ!! "

ဒီအသံလေး !

သူမှ ဟုတ်ရဲ့လားလို့ သေချာစွာ လှည့်ကြည့်လိုက်တော့ တကယ်သူပါပဲ ။ မနေ့ကတစ်နေ့လုံး ယောက်ယပ်ခပ်စွာ မျှော်နေခဲ့ရတဲ့ သူပါပဲလေ ။ ကိုရင်လေးရဲ့ အတွေးတွေဟာ ကိုရင်လေးတောင် သတိမထားမိလိုက်ခင်မှာပင် ရုတ်ချည်းငြိမ်သက်သွားရသည် ။

အရင်လို ပြေးမလာပဲ တစ်လှမ်းချင်း လာနေတဲ့ပုံလေးက တံမြတ်စည်းကိုင်ထားတဲ့ ကိုရင်လေးရဲ့ လက်ချောင်းသွယ်သွယ်လေးတို့ကို တုန်ရင်လာစေသည် ။

အရာအားလုံးဟာ တိတ်ကျသွားပြီ ။
တရားရွတ်ဖတ်သံတွေ ၊ တုံးခေါက်သံတွေ ၊ လေတိုးသံတွေ အားလုံး အားလုံးပေါ့ ။

Don't take away !! Where stories live. Discover now