part-14(Unicode)

9.5K 1K 92
                                    

ကိုရင်လေးက ရှန့်ရှန့်ပြန်သွားပြီးထဲက အဆောင်တော်ထဲက အပြင်ကိုမထွက်ဘူး ။ တစ်ချိန်လုံး ရှန့်ရှန့်မေးတဲ့ မေးခွန်းလေးရယ် ၊ ရှန့်ရှန့်ရဲ့ ငိုသံလေးတွေ ကိုပဲ ပြန်ကြားနေရသည် ။ လောကုတ္တရာနိယာမတွေနဲ့ ရှန့်ရှန့်ကြားမှာ ကိုရင်လေးက  တကယ်ကို မွန်းကြပ်လာပြီဖြစ်သည်  ။ ဘယ်လိုမှ မနေနိုင်တဲ့အဆုံး စိတ်တည်ငြိမ်စေရန် ပင်မကျောင်းဆောင်ကြီးထဲ ဝင်လာခဲ့မိတော့သည် ။

ခန္ဓာနဲ့ စိတ်နဲ့ ကပ်လို့မရတော့တဲ့ ကိုရင်ငယ်က ဗုဒ္ဓရုပ်ပွားတော်ရှေ့ ဒူးထောက်ချလို့ မျက်လုံးတွေကိုသာ မှိတ်ချလိုက်တော့သည် ။  တပည့်တော်ကို မကယ်နိုင်တော့ဘူးလား မြတ်စွာဘုရား~~ ။

မျက်လုံးအစုံကို မှိတ်ချလိုက်တော့ ပေါ်လာတာက ကလေးငယ်ရဲ့ မျက်ရည်လေးတွေ ပြည့်နေတဲ့ မျက်ဝန်းညိုညိုလေးတွေ ၊ ရှိုက်သံသဲ့သဲ့ကလေးတွေ ။ ကိုရင်ငယ်လေး မသိလိုက်စွာပဲ ပင့်သက်ရှိုက်လိုက်ရသည် ။

' မငိုပါနဲ့ '

ဘယ်လိုမှ ပျောက်ကွယ်မသွားတဲ့ ပုံရိပ်လေးကြောင့် ကိုရင်လေး ခေါင်းတွေကိုသာ ခါရမ်းပစ်လိုက်မိတော့သည် ။

" ရှန့် ရှန့်ရှန့်ကို ချစ်လား~~"

ဆောက်တည်ရာမရစွာ ရှုပ်ထွေးနေတဲ့ ခန္ဓာကိုယ်က ထိုစကားသံလေးအဆုံးမှာ ​ရုတ်ချည်းငြိမ်သက်ရသည် ။

" ကိုကိုလေးလို့~~ ဟင့် ရှန့်ရှန့်ကိုချစ်လားလို့~~"

" ငါ ကလေးလေးကို ချစ်လား "

မဝံ့မရဲ  မေးခွန်းအဆုံးမှာ နှလုံးသားက လှိုက်လှိုက် လှဲလှဲ ခုန်လှုပ်လာပြီး

" ချစ်တယ် ။ ကလေးလေးကို ကိုယ်တော် သိပ်ကိုချစ်တယ်"

ကိုရင်ငယ်လေးက ကိုယ့်ကိုယ်ကိုယ်တော့ လိမ်ညာလို့ မရခဲ့ပါဘူး ။ မျက်ရည်တွေဝိုင်းနေတဲ့ မျက်ဝန်းညိုညိုလေးတွေကို တမ်းတလို့ ကိုရင်လေးဟာ နာနာကျင်ကျင် ဝန်ခံလိုက်မိသည် ။

" ကိုယ်တော်လည်း သိပ်ချစ်ပါတယ် ကလေးလေးရယ် "

" ဒါပေမဲ့~~~ "

တာကျိုးသလို စီးကျလာတဲ့ မျက်ရည်တွေနဲ့ မျက်ဝန်းအိမ်တွေကို ​အားအင်ချိနဲ့စွာ ဖွင့်ဟလိုက်တော့ အမြင်အာရုံတစ်ခုလုံးမှာ ကြီးမားတဲ့  ဗုဒ္ဓရုပ်ပွားတော်က ကြည်ညိုဖွယ်ရာ တည်ရှိနေသည် ။  မျက်ရည်တို့က  တသွင်သွင်စီးကျလာရသလို သင်္ဃန်းအောက်က သူတော်စင်ရဲ့ နှလုံးသားလေးဟာလည်း နာကျင်မှုအတိုင်းအဆမဲ့စွာဖြင့် ငြိမ်သက်သွားသည် ။

Don't take away !! Where stories live. Discover now