နေ့ကိုလစား၍ လကိုနှစ်စား ၊ အချိန်တွေများသာ တဖြည်းဖြည်း တရွေ့ရွေ့ ပြောင်းလဲလာသော်လည်း ဘုန်းတော်ကြီးကျောင်းကို လိုက်မပို့မချင်း သတိမလစ်ရုံတမယ် ငိုတတ်တဲ့ ရှန့်လေးကြောင့် ကိုရင်လေးဆီနေ့တိုင်းလိုက်ပို့သည်မှာ ငါးနှစ်သားအရွယ်လေးမှဖြစ်သည် ။
အရွယ်ရောက်တာနဲ့အမျှ တနေ့တခြားလှလာတဲ့ရှန့်လေးကြောင့် အပြင်လောကနဲ့မပတ်သတ်စေချင်ပေမဲ့ ရှန့်လေးကိုယ်တိုင်က ကိုရင်လေးမှ ကိုရင်လေး ဖြစ်နေတဲ့အခါ
ဝေ့သခင်ကြီးလည်း လက်လျော့လိုက်ရတော့သည် ။မိခင်ဖြစ်သူမရှိတော့ထဲက ဝေ့သခင်ကြီးက ရှန့်ရှန့်အပေါ် အရင်ကထက်ပိုပြီး အလိုလိုက် အကြိုက်ဆောင်ပေးတာကြောင့်လည်း အဆိုးလေးက ပိုပိုဆိုးလာတာလည်းပါမည် ။
" တာတား~~ တာတာ့တာတား~~ တားတာ~~ "
" နေဦး ရှန့်ရှန့် "
အဆောင်ထဲကနေ ဝတ်ရုံအနီလေးနဲ့ မြောက်စွ မြောက်စွ ထွက်လာတဲ့ ရှန့်လေးက သီချင်းလေးတဆာဆာနဲ့ ဘုန်းတော်ကြီးကျောင်းကို သွားဖို့တာဆူနေပြီဖြစ်တာမို့ ဝေ့သခင်ကြီးမှာ အလျင်အမြန်တားရတော့သည် ။
မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဘုန်းတော်ကြီးကျောင်းသွားဖို့ ပြင်နေတဲ့ ဒီအဆိုးလေးကို ကြိမ်လုံးနဲ့ ခပ်နာနာလေးလိုက်ရိုက် လိုက်ချင်ပါသည် ။ တစ်ဦးတည်းသော အသည်းအသက်ကလေး ဖြစ်တာမို့ မလုပ်ရက်လို့သာ ဒေါသတွေကို သက်ပြင်းနဲ့ရောချနေရသည် ။ အဖေထက်ပဲ သူစိမ်းကို ပိုခင်တွယ်နေတာ ဒီကလေးဟာလေ ။
" ဖေဖေ ဘာဖြစ်လို့လဲ "
အနားကို လေလိုအလျင်နဲ့ စွေ့ခနဲ ဝင်ထိုင်ပြီး လက်မောင်းကို ဖတ်တွယ်ကာ မေးလာတဲ့ ရှန့်ရှန့်ကြောင့် အစောက ထွက်နေတဲ့ မနာလိုဒေါသတွေ ဘယ်အရပ်ဆီလွင့်လို လွင့်မှန်းတောင်မသိတော့ ။ အဲ့တာကြောင့်လည်း ဒီကလေးကို ဘယ်သူမှ ကြာကြာစိတ်မဆိုးနိုင်တာ ။
" ဒီနေ့ဘုန်းတော်ကြီးကျောင်းကို မသွားနဲ့ဦး ရှန့်လေး "
" ဟင်! ဖေဖေကလည်း ဘာလို့လည်း ။ ရှန့်ရှန့်မှ မသွားပဲမနေနိုင်တာ ။ ကိုကိုလေးကလည်း ရှန့်ရှန့်ကိုမတွေ့ရရင်မနေနိုင်ဘူးတဲ့ ။ နေ့တိုင်းသွားနေကျဟာကို ဖေဖေကလည်းလို့ !!ရှန့်ရှန့်သွားချင်လို့်ပါဆို မရဘူး! သွားမှာပဲ သွားမှာပဲ ရှန့်ရှန့်သွားမှာပဲ!! "
YOU ARE READING
Don't take away !!
Poetry_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ Start date - October 13 (2020) End Date - November 1 (2020) _credit cover photo to its respective artist_