part-10(Unicode)

9.2K 993 49
                                    

ဒေါက်!! ဒေါက်!!

" သားငယ် ... အားရှန့်လေး ပါးပါးကို တံခါးဖွင့်ပေးဦးလေ ကလေး "

ပြန်ရောက်ထဲက အရင်လို ကိုယ့်ဆီလာမချွဲတော့ပဲ အဆောင်ထဲပြေးဝင်သွားတဲ့ သားဖြစ်သူကြောင့် ဝေ့သခင်ကြီးမှာ စိုးရိမ်တကြီး ခေါ်နေမိခြင်း ။ နောက်ကျနေလို့ ဆူမလို့လုပ်ပေမဲ့ ပြေးဝင်သွားတဲ့ မျက်နှာသေးသေးလေးက နီစုတ်နေတာတွေ့လိုက်ရတော့ စိုးရိမ်မှုအရှိန်ကပိုမြင့်ရသည် ။ ဒီကလေး ဘာများ ​ဖြစ်လို့ပါလိမ့် ။

ကိုရင်လေးများ ဆူလိုက်လို့လား ။ မဖြစ်နိုင်ပါဘူး ။ ကိုရင်လေးကဖြင့် စကားတောင်လေးလုံးကွဲအောင် ပြောတာမဟုတ်။

" သားရေ...!! ကလေးလေး... နေမကောင်းများ ဖြစ်နေလားကွယ် "

တစ်ယောက်တည်းရှိတဲ့ အဆိုးလေးကို မျက်ရည်လည်ရွဲနဲ့ မြင်လိုက်ရတော့ ဝေ့သခင်ကြီးမှာလည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေရရှာတယ် ။

" အားရှန့်လေးရေ... "

အပြင်က တကြော်ကြော် အော်နေတဲ့ ဖေဖေကြောင့် အဆောင်ထဲမှာ တိတ်တိတ်လေး ငြိမ်နေတဲ့ ရှန့်ရှန့်တစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားရသည်  ။ အဖြစ်မှန်ကိုသိရင် ဖေဖေက ကိုကိုလေးဆီသွားခွင့်ပြုမှာမဟုတ်တော့ဘူးဆိုတာ စဥ်းစားစရာမလိုအောင် သေချာသည် ။

အား....! ဘယ်လိုညာလိုက်ရပါ့နော်!

စုတ်ဖွာ​နေတဲ့ ဆံနွယ်အိအိလေးတွေက လက်သေးသေးလေးတွေကြားမှာ အညှာအတာမဲ့စွာ ဆွဲဆုတ်ထားခြင်းခံလိုက်ရသည် ။  နှုတ်ခမ်းသေးသေးလေးကိုချွန်ထားပြီး ကုတင်ပေါ် စောင့်ကြောင့်လေးထိုင်လိုက်ကာ ဆင်ခြေလေးတွေ ထုတ်နေရသည်  ။ အခုလိုအချိန်မျိုးဆို ရှန့်ရှန့်ရဲ့ ခေါင်းသေးသေးလေးထဲက မကောင်းတဲ့ဉာဏ်နီဉာဏ်နက်လေးတွေကလည်း ဘယ်ထောင့်ကပ်လို့ ကပ်မှန်းမသိ ။

" ဒေါက်!! ဒေါက်!! ရှန့်ရှန့်လေးရေ ဖေဖေ့ကို တံခါးဖွင့်ပေးဦးလေ ကလေး  "

" လာပြီ လာပြီ ဖေဖေ "

တံခါးကို အဆက်မပြတ် ထုရိုက်ပြီး ခေါ်နေတာကြောင့် ထပ်ပြီးတွေးနေဖို့ အချိန်မရှိတော့ပဲ ခပ်မြန်မြန်သာ ပြေးဖွင့်လိုက်သည် ။ 

Don't take away !! Where stories live. Discover now