part-15(Unicode)

9.3K 1K 126
                                    

" စိုးရွံ့မိပါတယ်အရှင် ။  ခန္ဓာကိုယ်ရဲ့ ပင်မသွေးကြောပြတ်သွားတာကြောင့် သွေးထွက်လွန်သွားပါပြီ ။  သခင်ငယ်လေး အ အသက်မရှိတော့ပါဘူး "

ကျန်းချန်က အရူးတစ်ယောက်လို ခေါင်းတွေအဆက်မပြတ်ရမ်းလိုက်ပြီး မသဲကွဲတော့သော အသံအက်ရှရှတွေဖြင့် ကယောင်ကတမ်း ရေရွတ်လာသည် ။

" မဟုတ်ဘူး မဟုတ်ဘူး.. ရှန့်လေးက...  ရှန့်လေးက... ဘာလို့သေရမှာလဲ ။ ငါ့ကလေးလေးက ငယ်ငယ်လေးရှိသေးတာ ။ ဘာလို့... ဘာလို့သေရမှာလဲ "

လက်ပေါ်က ကလေးကို ခပ်တင်းတင်းတစ်ချတ်ဖျစ်ညစ်ထားလိုက်ပြီး ကျန်းချန် အကြောက်အကန်ငြင်းရသည် ။ အဓိပ္ပါယ်မရှိတဲ့စကားပဲ ။ မပြောကောင်းမဆိုကောင်း ကလေးလေးကိုများ သမားတော်ကြီးက ဘယ်လိုစကားမျိုးတွေ ပြောနေရတာလဲ ။

" ချွမ်း!!! "

လတ်သွားသော ဓားချက်တစ်ချက်နဲ့အတူ ကြမ်းပြင်ထက် တလှိမ့်လှိမ့် လွှင့်ကျသွားသော သမားတော်ကြီးရဲ့ ဦးခေါင်း ။

" အသုံးမကျဘူး "

အိမ်ရှေ့စံနဲ့ ခပ်တိုးတိုးရေရွတ်သံအဆုံးမှာ အဆောင်တော်ငယ်လေးက  နောက်တစ်ကြိမ် သွေးလွှမ်းသည် ။

အိမ်ရှေ့စံက သွေးတွေပေကျံနေတဲ့ လက်စွဲတော်ဓားကို ခပ်တင်းတင်းကိုင်ထားပြီး အတော်အတန်ကြာသည်အထိ မျက်နှာကိုမော့လို့ အသက်ပြင်းပြင်းရှူလိုက်သည် ။ ထို့နောက် ကိုယ်ရံတော်ကျန်းလက်ထဲက  ကလေးငယ်ကို အသက်မပါတဲ့ မျက်ဝန်းသေတွေဖြင့် တခဏကြည့်ပြီး အဆောင်ငယ်ထဲမှ ထွက်ခွာသွားသည် ။

" အားရှန့်လေးရယ် ထပါတော့ကွာ ။ ချန်ချန့်ကို သနားပါဦး ။ ထပါတော့ ကလေးရယ် "

ရှန့်ရှန့်မျက်နှာလေးကို အတင်းဖိကိုင်ပြီး နှိုးလိုက် ၊ ပါးလေးကို ပုတ်ပြီးနှိုးလိုက်နဲ့ လုပ်နေတဲ့ ကိုယ်ရံတော်ကျန်းက အရူးတစ်ပိုင်းဖြစ်နေပြီး မျက်ဝန်းမှ မျက်ရည်တွေကလည်း ရင်ခွင်ထဲက ကလေးငယ်ရဲ့ မျက်နှာပြင်လေးပေါ် စီးကျကုန်သည် ။ အဆိုးလေးကတော့ ကိုယ်ရံတော်ကျန်းရဲ့ ရင်ကွဲလုမျှ ငိုရှိုက်သံတွေအား မကြားဟန်ပင် ၊ မျက်လွှာလေးချကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည် ။

Don't take away !! Where stories live. Discover now