part-12(Unicode)

7.9K 925 20
                                    

" အဆင်ပြေရဲ့လားသားလေးက ၊ စိုးရိမ်ရလား "

" မစိုးရိမ်ရပါဘူးသခင်ကြီး ။ ကလေးငယ်က အားနည်းလွန်းပြီး ဖြစ်သွားတာပါ ၊ နည်းနည်းလောက်အနားယူလိုက်ရင်ရပါပြီ "

သမားတော်ကြီးဆီက မစိုးရိမ်ရဘူးဆိုတဲ့ အသံကြားမှ ဝေ့သခင်ကြီးမှာ သက်ပြင်းငွေ့ငွေ့ချနိုင်သည် ။ သမားတော်ကြီးထွက်သွားမှ ရှန့်ရှန့်လေးဘေးနားသို့ဝင်ထိုင်ပြီး လက်ကလေးကိုဆုပ်ကိုင်ထားလိုက်မိသည် ။ ချစ်သည်းညှာလေးအား ဘယ်နည်းနဲ့မှ ဆိုးသွမ်းရိုင်းစိုင်းတဲ့ ဝမ်အိမ်ရှေ့စံလက်ထဲ မထည့်ပေးချင်​ပေမဲ့ ထွက်ပြေးစရာ မြေလည်း မရှိတဲ့အပြင်   ၊ အားချန်ကလည်း သူ့လက်ထဲမှာ ဖြစ်သည်  ။ ဝေ့သခင်ကြီး မျက်ရည်တွေသာကျပြီး ရှိုက်ကြီးတငင်ငိုချမိတော့သည် ။ ဖေဖေဘယ်လိုလုပ်ရတော့မလဲ ဖေ့ကလေးငယ်လေးရယ်.... ။

" ဖေဖေ~ "

တိုးလျလျအသံလေးကြောင့် မျက်ရည်တွေကို ကပြာပယာသုတ်ပစ်လိုက်ကာ

" သားသား နိုးပြီလား သက်သာရဲ့လားကလေးရယ် ဘယ်နားတွေနာနေသေးလဲ ဖေဖေ့ကိုပြော "

စိုးရိမ်တကြီးနဲ့ မေးခွန်းတွေတရစပ်မေးနေတဲ့ အဖေဖြစ်သူကြောင့် ရှန့်ရှန့်က ခေါင်းလေးယမ်းလိုက်ပြီး

" ရှန့်ရှန့် သက်သာပါတယ် "

" တော်သေးတာပေါ့ကလေးငယ်ရယ် တော်သေးတာပေါ့ ၊ ဖေဖေ အရမ်းစိတ်ပူသွားခဲ့တာ "

" တောင်းပန်ပါတယ် ။ ရှန့်ရှန့်ကြောင့် ဖေဖေစိတ်ပူနေရပြီ "

" မဟုတ်တာသားလေးရယ် ။ ဖေဖေကသာ ဖေဖေကသာ တောင်းပန်ရမှာပါ ။ ဖေ ဖေဖေ  သားလေးကို..."

ဖေဖေ့စကားမဆုံးခင် ရှန့်ရှန့်ခေါင်းတွေကို ရမ်းပစ်လိုက်သည် ။

" တော်ပါတော့ဖေဖေရယ် ။ ရှန့်ရှန့် အင့် ရှန့်ရှန့်အဲ့အကြောင်းတွေ မတွေးချင်ဘူး "

သားကလေးက မျက်ရည်တွေစိုနေတော့ ဝေ့သခင်ကြီးရင်ထဲ မီးတောက်မီးလျံတွေက တမြိုက်မြိုက်ပူလောင်လို့ ။  အံကိုကြိတ်ကာ ခေါင်းကို တဆတ်ဆတ်ညိတ်လို့

" အင်းပါသားလေးရယ် ။ အိပ်လိုက်ဦးနော် အားရှန့်လေး ။ အားနည်းနေတယ်ပြောတယ် ။ ဖေဖေဒီနားလေးမှာပဲ စောင့်ပေးနေမယ်နော် "

Don't take away !! Where stories live. Discover now