Chapter - 5

6.5K 785 12
                                    

Daddy

Chapter - 5

" ပါပါး သားလာပြီ "

ကျောင်းဝတ်စုံလေးနဲ့ အိမ်ပေါ်က ပြေးဆင်းလာတဲ့ ဝမ်ရိပေါ်က အိမ်အောက်က ကားနားမှာ စောင့်နေတဲ့ ရှောင်းကျန့်စီ အော်ပြီး ပြေးလာခဲ့တယ် ။

" သား ဖြေးဖြေး ချော်လဲမယ် "

" ဟုတ်ကဲ့ ပါပါး "

ရှောင်းကျန့် ဝမ်ရိပေါ် ကို စောင့်ခေါ်ပြီး ကားထဲဝင်ရန် တံခါးဖွင့်ပေးတော့ ကားထဲဝင်ထိုင်တဲ့ ဝမ်ရိပေါ် မားက ရှောင်းကျန့် မေးဖျားပေါ် ရောက်လာတဲ့ အနမ်း နုနုလေးနဲ့အတူ စကားသံ တိုးတိုးလေးက

" ပါပါးကို အချစ်ဆုံးပဲတဲ့ "

ရှောင်းကျန့် ရိပေါ်လေး စကားကို သဘောကျစွားရယ်ပြီး ရိပေါ်ခေါင်းက ဆံပင်လေးကို ဖွဖွလေး လှမ်းဖွကာ ကားမောင်းသူနေရာဘက် သွားဝင်ထိုင်လိုက်တယ်...။

" သား ခါးပတ် ပတ်လေ "

" ဟင့်အင့် ပါပါး ပတ်ပေး "

ရိပေါ် စကားကြောင့် အပြုံးမြမြနဲ့ ရိပေါ်ကို ခါးပတ်ပတ်ပေးတဲ့ ရှောင်းကျန့်ဟာ ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးကို နှစ်ဝင်သွားအောင် နမ်းခဲ့ဖို့ မမေ့ခဲ့ပါဘူး ။ ထို့အတူ ဝမ်ရိပေါ်ရဲ့ ပါပါး ဆိုတဲ့ စူအောင့်အောင့် အော်သံလေးကလည်း ထွက်ပေါ်လာခဲ့ဖို့လည်း မမေ့ပါဘူး ။

အနမ်းမကြိုက်တဲ့ သားလေး ရိပေါ်ရယ် ။ အနမ်းခိုးခိုးပေးတက်တဲ့ ပါပါး ရှောင်းကျန့်ရယ် ။

ရိပေါ် ကားကို ဂရုတစိုက် မောင်းနေတဲ့ ပါပါးကို ငေးကြည့်နေမိတယ် ။ ပြောလို့ပြောတာ မဟုတ်ဖူး ပါပါးသည် သူ့ပါပါးလို့ မပြောရအောင် အရမ်း ကြည့်လို့ကောင်းတယ် ။ အရပ်ကရှည်ရှည် ဒေါင်ကောင်းကောင်း ခန္ဓာကိုယ် မိမိမိုက်မိုက် ပါပါးဟာ ရိပေါ် မျက်စိထဲမှာ ကြည့်လို့ အကောင်းဆုံး ။ ထို့အပြင် အပါးရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးနဲ့ နှုတ်ခမ်းပါးပါးလေးအောက်က မှဲ့နက်ကလေးရယ် ။ ရယ်လိုက်ရင် ပေါ်လာတက်တဲ့ သွားလှလှလေးတွေရယ်က ထောက်ပြစရာမလိုတဲ့ ပါပါးရဲ့ အားသာချက်တွေ ။ ဒါကြောင့် ရိပေါ် ပါပါးကို အူတိုတယ် ။ ဒီပါပါး ချောချောလေးကို သူပဲ ပိုင်ချင်တယ်။ နောက်ထပ် ဘယ်သူနဲ့မှ ပါပါးကို သူ သဘောမတူနိုင်ဘူး ။ တစ်ခါတစ်လေ သူ မကောင်းတဲ့ဘက်ကတွေးမိတယ်  သေသွားတဲ့ မာမား ကို ကျေးဇူးတင်ပါတယ်ပေါ့ ။ ဘာကြောင့်လဲဆိုတော့ ပါပါး အချစ်တွေအကုန်းလုံး သူရနေလို့လေ ။ မာမား အချစ်တွေရယ် ပါပါး အချစ်တွေရယ် နှစ်ယောက်စလုံးစာ အချစ်တွေကို ပါပါးက သူ့ကို ပေးထားတယ်လေ ။ အခုလည်းကြည့် ပါပါ တစ်ပတ်လောက်ရှိနေပြီ ။ သူ့ကို မအားတဲ့ကြားက ကျောင်းပို့ ကျောင်းကြို ဂရုတစိုက် လုပ်ပေးနေသည်လေ ။

DADDY 💜 ( Completed )Where stories live. Discover now