Chapter - 6

6.1K 783 43
                                    

Daddy 💜

Chapter - 6

3 နှစ်ခန့်ကြာသော်...........

ရှောင်းကျန့် သူဝတ်ထားတဲ့ ဝတ်စုံကို မှန်ထဲမှာ တစ်ချက်ကြည့်ပြီး ပြုံးလိုက်မိသည် ။ အသက် ၃၅ နှစ်အရွယ် ရှောင်းကျန့်ဟာ အပြင်မှာသာ မက မှန်ထဲမှာပါ နုပျိုနေဆဲ ။ ထို့နောက် ကုတင်ဘေးရှိ အံဆွဲထဲက လိုအပ်တဲ့ စာရွက်စာတန်းအချို့ကို ထုတ်ယူပြီး နာရီလေး တစ်ချက် မော့ကြည့်လိုသည်။ ၉ နာရီခွဲ...။ ဒီလောက်က ထွက်ရင် အတော်လောက်ပဲ လမ်းမှာ ကားပိတ်နေမှာနဲ့ဆို ဟိုကို ကွက်တိလောက်သာ ရောက်မည်လေ ။

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဒီမြေ ဒီရေကြီးကနေ မည်သူ့ကိုမှ နှုတ်မဆက်ပဲ ထွက်ခွာခဲ့တဲ့ရတဲ့ သူဟာ အခု ဒီမြေ ဒီရေကြီးကို မည်သူမှ မသိ ပြန်ရောက်လာခဲ့သည် ။ တစ်ယောက်တည်းသော လူက လွဲပီးပေါ့ ။

သူ လေယာဉ်ပေါ်က ဆင်းပြီးပြီးခြင်း လေဆိပ်အတွင်း ဝင်လိုက်လျှင်ပင် လူကြား သူကြားထဲမှာ ထင်နေတဲ့ လူတစ်ယောက် ။ ရှည်လျှားတဲ့ အရပ်နဲ့အတူ ကြည့်ကောင်းနေတဲ့ မျက်နှာလေး ။ ထိုသူသည် မည်သူကိုမှ ဂရုမစိုက် အေးဆေးစွာ ဖုန်းပြောပြီး လေယာဉ်ဆိုက်ရောက်လို့ ထွက်လာတဲ့ ခရီးသည်များရှိတဲ့ လူကြားထဲကိုသာ တည့်တန့်စွာ ကြည့်နေခဲ့သည် ။

"ပါပါး "

ခရီးသည်များကြားက ထွက်ပေါ်လာတဲ့ အသံလေးကြောင့် ရှောင်းကျန့် ဖုန်းပြောလက်စကို ချလိုက်ပြီး သူ့နား လူအုပ်ကြီးကြားထဲက ပြေးထွက်လာတဲ့ လူတစ်ယောက်တည်းကို အာရုံစူးစိုက်လိုက်မိတယ် ။

အရပ်ပိုရှည်လာတယ် ။ အရင်ကလို ခန္ဓာကိုယ်က ပြည့်ဖောင်းဖောင်းလေးမဟုတ်တော့ဘူး ။ ကိုယ်ရည် အနည်းငယ် စစ်သွားတဲ့အပြင် ရေခြားမြေခြားက ပြန်လာတဲ့ ဒီလူသားလေးက အသားတွေလည်း ပိုဖြူလာတယ်လေ ။

ရှောင်းကျန့် သူ့နား ပြေးလာတဲ့ ခန္ဓာကိုယ်လေးကို လက်လေးကားပြီး ကြိုဆိုလိုက်တယ် ။

ရှောင်းကျန့် ရင်ခွင်ထဲ ပြေးဝင်လာယုံမက ကိုယ်ပေါ်အထိ ခွတက်လာတဲ့ ကောင်ကလေးကြောင့် ကောင်လေးကို ထိန်းပွေ့လိုက်ရင် နှစ်ယောက်စလုံး နောက်ကို လဲမကျအောင် ဟန်ချက်ထိန်းလိုက်ရတဲ့ ရှောင်းကျန့်ဟာ ကောင်လေးရဲ့ ဝမ်းသာအားရပြောတဲ့ စကားသံလေးကို ခေါင်းလေးငြိမ့်ပြရင်း တိုးတိုးလေး ပြန်ဖြေခဲ့တယ်။

DADDY 💜 ( Completed )Where stories live. Discover now