Chapter - 13

6.2K 744 13
                                    

Daddy 💜

Chapter - 13

Daddy 💜

Chapter - 13

Oမ်ရိပေါ် ရှောင်းကျန့် ကားလေးကို ကားလေး ခြံထဲအထိ မောင်းဝင်လာတော့ အိမ်ရှေ့မှာ အဆင်သင့် စောင်နေတဲ့ ရှောင်းပါး နဲ့ ရှောင်းမားကြောင့် ဝမ်ရိပေါ် ရှောင်းကျန့်ရဲ့ အတွင်းရေးမှူးမလေး ကို အနည်းငယ် သဘောကျမိသွားတယ် ။ အလုပ်လုပ်တာ သေချာတယ် ။ သူ ကားပေါ်တက် မောင်းမထွက်ခင် ရှောင်းကျန့် အတွင်းရေးမှူးမလေး က ပြောလိုက်သည်လေ ။ အိမ်ကို ဖုန်းဆက်ထားပေမည်တဲ့ ။ ဒါကို ဝမ်ရိပေါ် မတားမိ ။ သူတစ်ယောက်တည်း ရှောင်းကျန့်ကို ရှောင်းကျန့် အပေါ်ထပ်အခန်းအထိ သယ်ဖို့ အဆင်ပြေမှာ မဟုတ်လို့လေ။ သူက ထွားလာလို့ ခန္ဓာကိုယ် အချိုးအစားက သိပ်မကွာပေမယ့် ရှောင်းကျန့်က သူ့ထက် အနည်းငယ် အရပ်ရှည်တဲ့ အပြင် ခန္ဓာကိုယ် တောင့်တင်းတဲ့ အမျိုးအစားထဲမှာ ပါဝင်တော့ သူ တစ်ယောက်တည်းအားနဲ့ မယူဖို့ အဖြစ်နိုင်ဘူးလေ။ မဟုတ်ရင် နှစ်ယောက်လုံး အိပ်အပေါ်ထပ် မရောက်ပဲ ကားထဲမှာ အိပ်နေရလိမ့်မယ်....။

" သား ရိပေါ် ၊ သားရှောင်းက အရမ်း နေမကောင်း ဖြစ်နေတာလား "

ရိပေါ် ကားရပ်ရပ်ခြင်း ကားတံခါး ဆွဲဖွင့်ပြီး မေးလာတဲ့ ရှောင်းပါးကို ရိပေါ် အသာလေး ခေါင်းငြိမ့်ပြလိုက်တယ်။

ရှောင်းကျန့် တစ်လမ်းလုံး အဖျားတက်ကာ အသိပင် မရှိတော့ဘူးလေ ။ ဆေးခန်းပြဖို့ ရည်ရွယ်ပေမယ့် အိမ်ရောက်မှ မိသားစု ဆရာဝန်နဲ့ဆို ပိုစိတ်ချရမှာကြောင့် အိမ်အထိတာ ခေါ်ယူခဲ့သည်လေ ။

ရှောင်းပါးက ကားဘေးခုံလေးမှာ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ကားခါးပတ်လေး ဖြုတ်ချပြီး ကောက်ပြီး ပွေ့ချီလိုက်တယ် ။

ရှောင်းကျန့် နည်းတူ တောင့်တင်းလှတဲ့ ရှောင်းပါး ရင်ခွင်ထဲမှာ ပါသွားတဲ့ ရှောင်းကျန့်က ပီတိ ကလေးငယ်လေး တစ်ယောက်လို ။

" သား ရိပေါ် ဆင်းဆင်း သားက  ရေနွေးယူပြီ လိုက်တက်သွားလိုက် ။ ခဏနေ ဆရာဝန် ရောက်လာတော့မယ် ဒါကြောင့် မား စောင့်နေခဲ့လိုက်ဦးမယ်  "

DADDY 💜 ( Completed )Where stories live. Discover now