Chapter - 11

6K 743 16
                                    

Daddy 💜

Chapter - 11

အသားနာသွားလို့ ရုတ်တရက် ပြန်ချိန်ရွယ်မိတဲ့ မိမိလက်ကို မိမိ မယုံကြည်နိုင်ခဲ့ဘူး ။

အံ့သြသွားတဲ့ မျက်နှာလေး ၊ ဝမ်းနည်းသွားတဲ့ မျက်နှာလေး ၊ မယုံကြည်နိုင်စွာ ညိုးငယ်သွားတဲ့ မျက်ဝန်းလေးတစ်စုံက လျှံကျလာတဲ့ မျက်ရည်တစ်စက်က သူ့ဒေါသတွေ အားလုံးကို ငြိမ်ကျသွားစေတယ် ။ ခုဏက ထိုးခံရထားလို့ နာကျင်နေတဲ့ ပါးတစ်ဖက်က ဒါဏ်ရာကိုလည်း မခံစားမိတော့ဘူး ။ ပါးစပ်ထဲ ဝင်လာတဲ့ ငံကျိကျိ သွေးအရသာလည်း သူမသိတော့ဘူး ။ အခု သူသိလိုက်ရတာ သူမှားသွားပြီဆိုတာပဲ ။

ဝမ်ရိပေါ် မင်း ဘယ်လို အားအင်နဲ့ ဘယ်လို သတ္တိနဲ့ ပါပါး ကို ပြန်ထိုးဖို့အထိ ရိုင်းပြမိတာလည်း ။

ဝမ်ရိပေါ် ဒေါသကိုလျော့ပြီး အခန်းဘက် ဦးတည်လာတော့ ခြံထဲက အရှိန်ပြင်းစွာ မောင်းထွက်သွားတဲ့ ရှောင်းကျန့် ကားလေး ။

ဝမ်ရိပေါ် ဒေါသထွက်စွာ သူ့လက်သီးကို နံရံမှာ ထိုးလိုက်မိတယ် ။

ဝုန်း .... ခွပ်

ရိပေါ် မင်းအရမ်းမှားတယ် ။ သူက မှားခဲ့တယ်ဆိုပေမယ့် မင်းသူ့ကို လက်သီးနဲ့ ပြန်ချိန်ရွယ်စရာ မလိုအောင် သူ့ကျေးဇူးတရားတွေ မင်းမှာ အများကြီးရှိနေတယ် ။ မင်းမကြိုက်ရင် သူ့အပေါ် မင်း ဆိုးပိုင်ခွင့် ရှိတယ် ။ ဒါပေမယ့် ရိုင်းပိုင်ခွင့် မရှိဘူး ။

ကုတင်ဘေးမှာ နောင်တနဲ့ ဝင်ထိုင်လိုက်တဲ့ ဝမ်ရိပေါ်ဟာ သူ့ရှေ့မှာ မှန်ဘောင်သွင်းထားတဲ့ ဓာတ်ပုံလေးကို ကမ်းယူလိုက်တယ် ။ ရှောင်းကျန့် အသက် ၃၁ ပြည့်တုန်းက ရှောင်းကျန့် မွေးနေ့မှာ ရိုက်ပြီး ပုံကူးယူထားတဲ့ ဓာတ်ပုံလေး ။ ထို ပုံလေးထဲမှာ နှစ်ယောက်လုံးက ပြုံးလို့ ပျော်လို့ ။

ရှောင်းကျန့် ခင်ဗျား လည်း မှားတယ် ။
ပြီးတော့ ကျွန်တော်လည်း မှားခဲ့ပါတယ် ။

........................

" လက်က ဘာဖြစ်တာလည်း "

ဧည့်ခန်းမှာ ထိုင်နေတဲ့ ဝမ်ရိပေါ်ကို မေးမြန်းလာတဲ့ ရှောင်းကျန့် ။

DADDY 💜 ( Completed )Where stories live. Discover now