Chapter - 8

6.2K 751 18
                                    

Daddy 💜

Chapter - 8

.
.
.
.
.
.
.

" နှစ်ဦးသဘောတူလက်ထပ်ပြီးစီးခြင် "

"ရှောင်းကျန့် မင်း ... မင်း ငါ့သားကို ....ငါ့သားနဲ့ ..."

ဝမ်ရိချန်း လက်ထဲမှာ ရှိနေတဲ့ စာချုပ်လေးကို ဖတ်ပြီး စကားပင် ဆက်မပြောနိုင်တော့ပဲ ဝမ်ရိပေါ်ကို ထွေးဖက်တားတဲ့ ရှောင်းကျန့်ကို ဆွဲကာ ထိုးမိလိုက်တယ် ။

ခွပ်.......!!!

ရှောင်းကျန့်လည်း လည်ထွက်သွားတဲ့ မျက်နှာလေးနဲ့အတူ သူ့လက်ထဲမှ လွတ်ထွက်သွားတဲ့ ဝမ်ရိပေါ် ခန္ဓာကိုယ်လေး ။ ဝမ်ရိပေါ် ရှောင်းကျန့် လက်ထဲက လွတ်ထွက်လာတဲ့ မိမိ ခန္ဓာကိုယ်လေးကို ပြန်ထိန်းချုပ်လိုက်ပေမယ့် ဟန်ချက်မညီသောကြောင့် ကြမ်းပြင်ပေါ် ပုံလဲကျသွားခဲ့တယ် ။ လဲကျသွားတဲ့ ဝမ်ရိပေါ်ရှေ့မှာ ချိန်ကိုက်ပြီး ကျရောက်လာခဲ့တဲ့ စာရွက်လေးတစ်ရွက် ။ ထိုစာရွက်လေးကို မျက်တောင်မခက် ကြည့်မိသွားတဲ့ဝမ်ရိပေါ် မျက်နှာလေးမှာ  မယုံနိုင်ခြင်း ၊ အံ့သြခြင်း နားမလည်ခြင်းတို့နဲ့အတူ .........

" ပါပါး "

..............................

ဒေါက်ဒေါက်.....ဒေါက်.....ဒေါက်

" ရိပေါ် တံခါးဖွင့်စမ်း ကိုယ်တို့ ခဏ စကားပြောကြည့်ကြရအောင် "

ရိပေါ် အခန်းအပြင်ဘက်က ပါပါး အသံသည် အခုချိန်မှာတော့ သူ့နားထဲမှာ သံရည်ပူလိုပဲ ။ မကြားချင်ဘူး ဒီအသံကြီးကို ။ မတွေ့ချင်ဘူး ဒီမျက်နှာကြီးကို ။ ဟင့်အင့် တစ်ကယ် မယုံကြည်နိုင်စရာတွေပါ့လား။ ၁၈ နှစ်တာ ကာလအတွင်းအထိ ပါပါးအရင်း တစ်ယောက်လို မြတ်နိုးခဲ့ရသော ချစ်ခင်ခဲ့ရသော ပါပါးသည် သူ၏ မွေးစားပါပါးတဲ့ ။ မာမားကို ကူညီချင်လို့ ပါပါး အမည်ခံပြီး သူ့ကို မွေးစားထားတာတဲ့ ။ ထားပါတော့ ဒီ ကိစ္စက အမှန်တရားဆိုရင်တောင် ပါပါးနားက ခွဲသွားဖို့ မကြိုးစားခဲ့မဲ့ ဝမ်ရိပေါ်ကို ပါပါးက ရိုက်ချက်ပြင်းပြင်းနဲ့ လဲကျစေခဲ့တယ် ။ နှစ်ဦးသဘောတူ လက်ထပ်ပြီးစီးခြင်း တဲ့ ။ ပါပါး ရက်စက်တယ် ။ အစကတည်းက ဖွင့်ပြောခဲ့ရင်တောင် ခုမှ ပေါ်လာတဲ့ အပါးကို ငြင်းပြီး ပါပါးနားမှာပဲ ရှင်သန်ဖို့ကြိုးစားနေမဲ့ ကျွန်တော့ကို ဘာကြောင့် ဘာအတွက်နဲ့ မတရားနည်းနဲ့ ခေါ်ထားဖို့ ကြိုးစားခဲ့တာလည်း ။ ၁၈ နှစ်အတွင်း ပါပါးလို့ ခေါ်ပြီး သူချစ်ခဲ့ရတဲ့ ပါပါးရှောင်းက အခုချိန်မှာ သူ့နဲ့ တော်ဆက်မှု့က လင်ယောကျာ်းအဖြစ်တဲ့ ။ မယုံနိုင်ဘူး နားမလည်နိုင်ဘူး ။ လက်မခံနိုင်ဘူး ။ အရမ်း ချစ်ခဲ့တယ် ပါပါးအရင်း တစ်ယောက်အဖြစ် ။ ဒါကြောင့် လင်ယောကျာ်းအဖြစ်တော့ သူလုံးဝ လုံးဝ လက်မခံနိုင်ဘူး ။

DADDY 💜 ( Completed )Where stories live. Discover now